ဂလေဇာတွေ မန်ယူကို ဘာကြောင့် ရောင်းချင်လာတာလဲ

0
4399

ဂလေဇာတွေကို မန်ယူဆီ ဘယ်သူ ခေါ်သွင်းလာသလဲဆိုတာကနေ ဒီအကြောင်းကို အစပြုရပါလိမ့်မယ်။ မန်ယူကို ဂလေဇာမိသားစု ဝယ်ယူဖြစ်အောင် နောက်ကွယ်က ကြိုးကိုင်စီမံခဲ့သူ လက်မည်းကြီးရှိပါတယ်။

အဲ့ဒါကတော့ မန်ယူပရိသတ်တွေ အရမ်းချစ်ကြတဲ့ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ပါပဲ။ အဲ့ဒီကာလတုန်းက ဘုတ်အဖွဲ့စနစ်နဲ့လည်ပတ်နေခဲ့တဲ့ မန်ယူအသင်းတာဝန်ရှိသူတွေဟာ မန်ယူကို ဂလေဇာမိသားစုဆီ သိပ်ပြီး မရောင်းချင်ခဲ့ပါဘူး။

ဒါပေမဲ့ နည်းပြကြီး ဖာဂူဆန်ရဲ့အကြံပေးမှုတွေအတိုင်း တစ်ဆင့်ချင်းအလိုက် စိတ်ရှည်ရှည်နဲ့ ဆောင်ရွက်လိုက်အပြီးမှာတော့ ဂလေဇာမိသားစုက မန်ယူကို အောင်မြင်စွာနဲ့ ပိုင်ဆိုင်ခွင့်ရသွားခဲ့ပါတယ်။

အခုအချိန်မှာ ဂလေဇာမိသားစုက မန်ယူကို ဘာကြောင့် ရောင်းထုတ်ချင်လာသလဲဆိုတော့ စီးပွားရေးသမားပီပီ စွန့်ချိန်တန်လို့ စွန့်လာတဲ့သဘောပါပဲ။

ရိုးရိုးရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် မန်ယူအတွက် ထပ်တိုးရင်းနှီးမြှုပ်နှံမှုတွေကို ဂလေဇာမိသားစုဘက်က မလုပ်ချင်တော့တာကြောင့်ပဲဖြစ်ပါတယ်။