ဂျာမနီနဲ့ ဘယ်လ်ဂျီယံကို အားပေးသင့်ပါတယ်

0
4581

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒီနေ့မှာလည်း ကမ္ဘာ့ဖလားပွဲစဉ်ကောင်းတွေ ဆက်တိုက်ရှိနေပါတယ်။ ညနေ ၄ နာရီခွဲကနေ စလို့ နောက်တစ်နေ့မနက် ၁ နာရီခွဲလောက်အထိ ပွဲစဉ် ၄ ပွဲကို ဆက်တိုက်ဆိုသလို ယှဉ်ပြိုင်သွားမှာပါ။

ညနေ ၄ နာရီခွဲအချိန်မှာတော့ မော်ရိုကိုနဲ့ ခရိုအေးရှားတို့ရဲ့အားပြိုင်ပွဲကို ရှုစားရပါလိမ့်မယ်။

ည ၇ နာရီခွဲအချိန်ကိုရောက်ရင် နာမည်ကြီး ဂျာမနီနဲ့ အာရှထိပ်သီး ဂျပန်တို့ရဲ့အားပြိုင်ပွဲက စောင့်ကြိုနေမှာပါ။

အဲ့ဒီနောက်မှာတော့ ည ၁၀ နာရီခွဲအချိန်ကိုရောက်ရင် စပိန်နဲ့ ကော်စတာရီကာတို့ရဲ့ပွဲစဉ်ကို ရှုစားရပါလိမ့်မယ်။

နောက်တစ်နေ့မနက် ၁ နာရီခွဲအချိန်မှာတော့ ဘယ်လ်ဂျီယံနဲ့ ကနေဒါတို့ရဲ့အားပြိုင်ပွဲကို ကြည့်ရှုရမှာပါ။