မြိတ် ငါးအင်းရွာ ရော်ဘာမှိုင်းခံအလုပ်ရုံ မီးလောင်

0
3711
ဓါတ်ပုံ - ကိုထိုက်ငယ် FB

မြိတ်မြို့နယ်၊ ပင်းအိုကျေးရွာအုပ်စု၊ ငါးအင်းကျေးရွာရှိ ရော်ဘာမိုင်းခံအလုပ်ရုံ မီးလောင်ပြီး ရော်ဘာ ပိဿာ ထောင်ဂဏန်း ဆုံးရှုံးကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲ ဝန်းကျင်တွင် ရှောင်ကွင်းလမ်း (မြို့ရှောင်လမ်း) ဝါးအင်းရွာရှိ တစ်နိုင်တစ်ပိုင် ရော်ဘာလုပ်ငန်း မိုင်းခံအဆောက်အအုံ မီးလောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရော်ဘာမိုင်းခံသည့် မီးဖောင်းမှ စတင်လောင်ကျွမ်းသည်ဟု သိရှိရပြီး ရော်ဘာပိဿာချိန် ထောင်ဂဏန်းဝန်းကျင် မီးထဲပါသွားကြောင်း ဒေသခံများက ပြောဆိုသည်။

“တစ်ဆောင်လုံးကတော့ ပြာကျသွားတယ်။ ရော်ဘာတွေလည်း အများကြီးပါသွားတာပေါ့” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နေအိမ် တစ်လုံးအရွယ်အစားရှိ ယင်းအဆောက်အအုံ မီးလောင်ကျွမ်းချိန် တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး ရွာသားများနှင့် မြိတ်မြို့ မီးသတ်ဦးစီးဌာတို့က မှလည်း မီးငြိမ်းသတ်ခဲ့ကြကြောင်း ဒေသခံများက ပြောဆိုသည်။

မီးလောင်ကျွမ်းမှုတွင် ဆုံးရှုံးမှုမမာဏကိုမူ မသိရှိရသေးပေ။