လိမ္မော်ရောင် ဒတ်ချ်တပ်သားတွေလည်း ကမ္ဘာ့ဖလားကို မျှော်လင့်ခွင့်ရှိတယ်

0
4448

ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ(၇)

ကမ္ဘာ့ဖလားပြိုင်ပွဲကြီး နီးကပ်လာတာနဲ့အမျှ ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့အသင်းတွေကို Dawei Watch က တင်ဆက်ပေးလာခဲ့တာကလည်း အပိုင်း(၇)အထိ ရောက်ရှိလို့ လာခဲ့ပါပြီ။

အခုတစ်ခေါက် ရွေးချယ်လိုက်တဲ့အသင်းကတော့ နယ်သာလန်ပါပဲ။ ခြေစွမ်းတည်ငြိမ်သလို ဖျော်ဖြေရသ အပြည့်အဝပေးနိုင်အောင် ကြိုးစားကစားတတ်တဲ့ နယ်သာလန်ဟာ ကမ္ဘာ့ဖလားကို ဆွတ်ခူးရရှိနိုင်ခြေရှိတဲ့ အသင်းတွေထဲ တစ်သင်းအပါအဝင်ပဲဖြစ်ပါတယ်။

လိမ္မော်ရောင်ဒတ်ချ်တပ်သားတွေလို့ တင်စားခေါ်ဝေါ်လေ့ရှိတဲ့ နယ်သာလန်ရဲ့လက်ရွေးစင်အသင်းလူစာရင်းဟာလည်း အင်အားတောင့်တင်းမှု အပြည့်ရှိပါတယ်။ အသင်းကို ဦးဆောင်နေသူက အစဉ်အလာကြီးမားတဲ့ နည်းပြ ဗန်ဟားလ် ဖြစ်နေတဲ့အတွက်လည်း နယ်သာလန်က ချန်ပီယံဆုကို စိတ်ကူးယဉ်ခွင့် ရှိနေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ နယ်သာလန် အရေးနိမ့်ခဲ့ရတာတွေကို လေ့လာကြည့်လိုက်မယ်ဆိုရင် အသင်းအားနည်းချက်ဆိုတာထက် ကံဖေးမမှု မရရှိတာကြောင့်ဆိုတာကို အမြဲလိုလိုပဲ မြင်တွေ့ရလေ့ရှိပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ကမ္ဘာ့ဖလားကို ဆွတ်ခူးဖို့အတွက် နယ်သာလန် ကံကောင်းနိုင်လေမလား။