“ဂျာမနီ ချီတက်ရမယ့် ချန်ပီယံခရီးလမ်းကြမ်း”

0
4492

ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ(၂)

ကမ္ဘာ့ဖလားပြိုင်ပွဲကာလကိုရောက်လို့ ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့အသင်းတွေကို စာရင်းပြုစုပြီဆိုရင် ဂျာမနီကို ဘယ်တော့မှ ချန်လှပ်ထားခဲ့လို့ မရပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ရှိချန်ပီယံအဖြစ်နဲ့ ဂျာမနီ ပါဝင်ကစားခွင့်ရရှိခဲ့ပေမယ့် ပြိုင်ပွဲကို အုပ်စုအဆင့်ကနေ ကျောခိုင်းလှည့်ပြန်ခဲ့ရလို့ ဂျာမနီ အရှက်တကွဲဖြစ်ခဲ့ရပါတယ်။

ဒီတစ်ကြိမ် အာရှမြေက ကမ္ဘာ့ဖလားပြိုင်ပွဲဆီကို ဂျာမနီက အရှိန်အဟုန်ကောင်းကောင်းနဲ့ ရောက်ရှိလာခဲ့ပါပြီ။

ဂျာမနီနည်းပြသစ်အဖြစ် ဟန်ဆီဖလစ်ခ်ကို မြင်တွေ့ရမှာဖြစ်သလို သူစုဖွဲ့ထားတဲ့ ဂျာမနီမျိုးဆက်သစ် လူငယ်အင်အားစုရဲ့အစွမ်းအစတွေကိုလည်း စောင့်ကြည့်ကြရမှာပါ။

၂၀၀၂ ခုနှစ်တုန်းက အာရှမြေမှာ ပထမဆုံးကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီက ဖိုင်နယ်အထိ တက်ရောက်ခဲ့ပါတယ်။

အခုတစ်ကြိမ်မှာ အဲ့ဒီကံကောင်းမှုကို အာရှမြေထက်မှာ ဂျာမနီ ပြန်လည်ရှာဖွေနိုင်လေမလားဆိုတာက ရင်ခုန်ချင်စရာပါပဲ။ ဂျာမနီဟာ ကမ္ဘာ့ဖလားချန်ပီယံဆုဖလားကို လေးကြိမ် ဆွတ်ခူးရရှိခဲ့တဲ့အသင်းပါ။

ကာတာမြေမှာ ဗိုလ်စွဲနိုင်ခြေရှိတဲ့အသင်းတွေထဲက ဂျာမနီအသင်းအကြောင်းကို Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။