မြောက်ကိုရီးယားက ပင်လယ်ထဲသို့ ဒုံးကျည်သုံးစင်းပစ်လွှတ်၊ တောင်ကိုရီးယားက လေကြောင်းရန် သတိပေးချက်ပြုလုပ်

0
3470

အရှေ့ဘက်ကမ်းခြေဒေသသို့ မြောက်ကိုရီးယားက အနည်းဆုံး ဒုံးပျံသုံးစင်း ပစ်လွှတ်ခဲ့ရာ တောင်ကိုရီးယား ကျွန်းတစ်ကျွန်းတွင် လေကြောင်းရန် အချက်ပေးမှုများ ထွက်ပေါ်ခဲ့သည်ဟု BBC သတင်းက ဖော်ပြထားသည်။

ဒေသစံတော်ချိန် (၉)နာရီအချိန်တွင် ဒုံးပျံများ ပစ်လွှတ်ခဲ့ရာ အူလန်ဒို ကျွန်းမှ ဒေသခံများကို ဗုံးခိုကျင်းများတွင် ဝင်ရောက်နေထိုင်ရန်အတွက် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။

ယခုသီတင်းပတ်အတွင်း လုပ်ဆောင်နေသည့် အမေရိကန်နှင့်တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယား အစိုးရက သတိပေးခဲ့ပြီးနောက် ယခုကဲ့သို့ ပစ်ခတ်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

အားကောင်းသော တိုက်ခိုက်မှုများ လုပ်ဆောင်မည်ဟုမြောက်ကိုရီးယားဘက်က ပြောကြားထားခဲ့သည်။

လတ်တလော မြောက်ကိုရီးယား၏ ပြုမူချက်များသည် နျူကလီးယားပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံ၏ လေသံများ လွှမ်းမိုးလျက်ရှိသည်ဟု ကိုရီးယားအရေး အကဲခတ်သူများက ပြောကြားထားသည်။

တောင်ကိုရီးယားသို့ တိုက်ခိုက်မှုများ သို့မဟုတ် နျူကလီးယား စမ်းသပ်မှုများ လုပ်ဆောင်လာနိုင်သည်ဟု ထောက်လှမ်းရေးသတင်းရပ်ကွက်က ဖော်ပြထားမှုများလည်း ရှိသည်။

မြောက်ကိုရီးယားသည် အမေရိကန်-ကိုရီးယား-ဂျပန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို ကျူးကျော်မှုအဖြစ် ရှုမြင်လေ့ရှိကာ ရန်လိုသော အမူအရာများဖြင့် တုန့်ပြန်လေ့ရှိသည်။