ထားဝယ်ခရိုင်တွင် မနက်ဖြန် အချိန်ပိုင်းမီးပြတ်မည်

0
369

ထားဝယ်ခရိုင်၌ မနက်ဖြန် စက်တင်ဘာလ ၄ ရက်တွင် အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း မြို့နယ်လျှပ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် Petro and Trans ကုမ္ပဏီက ထုတ်ပြန်ထားသည်။

နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ လေးနာရီကြာ ပြတ်တောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကံပေါက်ဒေသရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအားပိတ်ပြီး အရေးပေါ် ပြုပြင်ထိန်သိမ်းရေးလုပ်ငန်း လုပ်ဆောင်မည်ဖြစ်သောကြောင့် အချိန်ပိုင်းလျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းလုပ်ဆောင်နေစဉ်အတွင်း ဒီဇယ်ဆီသုံး အရံအင်ဂျင်များဖြင့် လျှပ်စစ်မီးပေးထား‌စေလိုကြောင်း ထားဝယ်ဒေသခံအချို့က ပြောသည်။

ကုမ္ပဏီဘက်ကမူ အရံမီးစက်ဖြင့် မီးပေး၊ မပေးကို ထုတ်ပြန်ထားခြင်း မရှိပေ။

ထားဝယ်ခရိုင်တွင် သစ်ပင်၊ သစ်ကိုင်း ကျိုးကျခြင်း၊ ဓာတ်တိုင်လဲကျခြင်းတို့ကြောင့် လျှပ်စစ်မီးပြတ်တောက်မှု မကြာခဏဖြစ်ပွားလျှက်ရှိသည်။

လျှပ်စစ်မီတာခမှာလာလည်း အာဏာသိမ်းပြီးနောက်ပိုင်း တရိပ်ရိပ်မြင့်တက်လျှက်ရှိရာ ဇူလိုင်လကုန်တွင် တစ်ယူနစ် ၃၄၂ ကျပ်အထိဖြစ်လာခဲ့သည်။