ကော့သောင်းဘက်မှ ထိုင်းသို့ တရားမဝင် ဝင်သည့် မြန်မာလုပ်သား ၂၉ ဦး အဖမ်းခံရ

0
421
ပုံစာ - ဇန်နဝါရီလ ၁၉ ရက်နေ့က အဖမ်းခံရသည့် မြန်မာရွှေ့ပြာင်းအလုပ်သမားများ။

ကော့သောင်း – ရနောင်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၉ ဦးကို ဖမ်းမိကြောင်း ထိုင်းဘုရင့်ရေတပ်က သတင်းထုတ်ပြန်ထားသည်။

ကော့သောင်းမြို့ဘက်မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ညဘက်တွင် စက်လှေများဖြင့် တရားမဝင် ဝင်ရောက် ကြသဖြင့် ထိုင်းကင်းလှည့်‌ ရေယာဉ်တို့၏ စောင့်ကြည့်ရေဒါမှတစ်ဆင့် ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဇန်နဝါရီလ ၁၂ ရက်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ခြောက်ဦး၊ ၁၃ ရက်နေ့တွင် ၁၇ ဦးနှင့်
၁၉ ရက်နေ့တွင် ခြောက်ဦး စုစုပေါင်း ၂၉ ဦးတို့အား ဖမ်းမိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် သွားရောက်ရာတွင် တနင်္သာရီမြို့နယ် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် တစ်လျှောက်ရှိ တောလမ်းတို့မှလည်း ဝင်ရောက်လေ့ရှိကြသဖြင့် မကြာခဏ ဖမ်းဆီးခံကြရသည်ကို တွေ့ရသည်။