ရန်ကုန်-ထားဝယ် လေကြောင်းခရီးစဉ် နိုဝင်ဘာလ ၁၉ ရက်နေ့ စပြေးဆွဲမည်

0
336
ထားဝယ်လေယာဉ်ကွင်းအား ယမန်နှစ်က တွေ့ရစဉ်

လပေါင်းများစွာ ရပ်နားထားခဲ့သည့် ရန်ကုန်-ထားဝယ် လေကြောင်းခရီးစဉ်အား နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း လေကြောင်းလိုင်းအချို့က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင်မူ ရန်ကုန်-မြိတ် ခရီးစဉ်အား ပြန်လည်ပြေးဆွဲတော့မည်ဖြစ်သည်။

ကိုဗစ်ကူးစက်မှုမြင့်တက်လာသည်ဟုဆိုကာ တနင်္သာရီတိုင်းအတွင်းရှိ ထား၀ယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်းများလိုင်းများကို ယခုနှစ် မေလနှောင်းပိုင်းတွင် စတင်ရပ်နားခဲ့ပြီး အချိန်ကာလအလိုက် သက်တမ်းတိုးလာခဲ့သည်။

လက်ရှိတွက်မူ Air KBZ လေကြောင်းလိုင်းနှင့် MAI လေကြောင်းလိုင်းများက နေ့စဉ်ပြေးဆွဲတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရန်ကုန်-ထားဝယ်အတွက် ၆၉၀၀၀ ကျပ်နှင့် ရန်ကုန်-မြိတ် ခရီးစဉ်အတွက် ၈၂၀၀၀ ကျပ်သတ်မှတ်ထားကြောင်း Air KBZ က ထုတ်ပြန်ထားသည်။

ထိုနောက် ရန်ကုန်-ကော့သောင်း ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) နှင့် Air KBZ လေကြောင်းလိုင်းတို့က အောက်တိုဘာလ တတိယအပတ်တွင်မှ ပြန်လည်ပြေးဆွဲခဲ့သည်။