ပုလောတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်

0
382

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဂျင်းနီရွာတွင် ခြေလျှင်ခရီးဖြင့် ချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) က လမ်းမှ ဖြတ်တိုက်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဂျင်းနီရွာလမ်းတွင် နံနက် ၇ နာရီခွဲတွင်လည်းကောင်း နေ့လယ် ၁၁ နာရီခန့်တွင် လည်းကောင်း ငါးမိနစ်ခန့် အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ နှစ်ဖက်စလုံး၏ ထိခိုက်ကျဆုံးမှုကိုမူ မသိရကြောင်း ဒေသခံများထံမှ သိရသည်။