ဘီးလင်းတွင် စာသင်ကျောင်း ဗုံးပေါက်၊ PDF မဟုတ်ဟု ထုတ်ပြန်

0
393

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းတို့ ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့တွင် နိုဝင်ဘာ ၇ ရက်နေ့ ညဦးပိုင်းအချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စာသင်ကျောင်း ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိတာမရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ပေါက်ကွဲတာ ညပိုင်းဖြစ်နေတော့ လူထိတာတော့မရှိဘူး၊ စာသင်ကျောင်းကို တိုက်ခိုက်တာက မဖြစ်သင့်ဘူး၊ အခု ကျောင်းတွေလည်း ပြန်ဖွင့်နေတယ်၊ ကျောင်းတက်တဲ့ ကလေးတွေလည်း ရှိနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းတို့ ပြုလုပ်ခြင်းမဟုတ်ကြောင်း ထုတ်ပြန်ထားသည်။