ကော့သောင်းက အပြင်ထွက်ခွင့်လက်မှတ်မရသူများကို လူငယ်အဖွဲ့က ဈေးဝယ်ပေးမည်

0
573
ကော့သောင်းမြို့

အပြင်ထွက်ခွင့် လက်မှတ်မရသည့် ကော့သောင်းမြို့နေ ပြည်သူများကို စေတနာ့ဝန်ထမ်း လူငယ်တစ်ဆယ်ကျော်ပါသည့်အဖွဲ့က ဈေးလိုက်ဝယ်ပေး မည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့တွင် အိမ်ထောင်စုလက်မှတ်မပြနိုင်သည့် ရွှေ့ပြောင်းအခြေချသူအများအပြား အခန်းငှားနေထိုင်ကြသည်။

“အဓိကကတော့ ဈေးဝယ်ဖို့ အခက်အခဲဖြစ်နေတဲ့ အပြင်ထွက်ခွင့် ကတ်ပြားမရတဲ့သူတွေ၊ မရှိဆင်းရဲသားတွေကနေပြီး ကူညီတောင်းရင် ဈေးလိုက်ဝယ်ပေးမှာပါ” ဟု ယင်းလူငယ်အဖွဲ့ဝင် ကိုအောင်လွင်ဖြိုးက ပြောသည်။

ကော့သောင်းမြို့ပေါ် မည်သည့်ရပ်ကွက်မဆို ဖုန်းဆက်သွယ်အကူအညီ တောင်းခံနိုင်ပြီး ယင်းအတွက် အခကြေးငွေပေးစရာမလိုဘဲ စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

အကူအညီတောင်းခံလိုပါက အောက်ပါဖုန်းနံပါတ် လေးခုကို ဆက်သွယ်နိုင်မည်ဖြစ်သည်။

09897534836၊ 09458736110၊ 09261666540၊ 09459064647

ဓာတ်ပုံ- အောင်လွင်ဖြိုး