ထိုင်းတွင် ကိုဗစ် ကူးစက်မှု စံချိန်တင်တက်၊ ကာကွယ်ဆေးနှင့် ပစ္စည်း မလုံလောက်မှု ကြုံနိုင်

0
116

ထိုင်းနိုင်ငံတွင် ဇူလိုင်လဆန်းပိုင်း၌ ကိုဗစ်ရောဂါတွေ့ရှိသူ လူနာ ဆက်တိုက်မြင့်တက်လာပြီးနောက် ကာကွယ်ဆေး ပြတ်လပ်နေပြီး ကုသရေး ပစ္စည်းကိရိယာ မလုံလောက်မှုများနှင့် ကြုံလာနိုင်ကြောင်း ကျန်းမာရေး အာဏာပိုင်များက ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် စနေနေ့က ၆၂၀၀ ဦး၊ တနင်္ဂနွေနေ့က ၆၁၆၆ ဦးတို့တွင် ပိုးတွေ့ခဲ့ခြင်း ဖြစ်သည်။

အထူးကြပ်မတ်ကုသဆောင်တွင် ထားရှိ ကုသရသည့် လူနာအရေအတွက်လည်း ပြီးခဲ့သည့် နှစ်ပတ်အတွင်း တိုးလာခဲ့သည်။ ကူးစက်ခံရသူ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်မှာ ဘန်ကောက်မြို့တော်တွင်ဖြစ်ပြီး ဘန်ကောက်တွင် အထူးသီးသန့်ဆောင်များ အမြန် စီစဉ်ရန် လိုနေပြီဖြစ်ကြောင်း မြို့တော် အာဏာပိုင်များက ပြောဆိုထားသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှု နှောင့်နေးမှုကြောင့် ထိုင်း ဝန်ကြီးချုပ် ပရာယုကို ဝေဖန်မှုများ ရှိနေသည်။

ကာကွယ်ဆေးထိုးနှံရန် အရေးကြီးဆုံး အုပ်စုတွင် ပါဝင်သော အသက်အရွယ် ကြီးရင့်သူများမှာ ကိုဗစ်ကြောင့် အများဆုံး သေဆုံးသူများ ဖြစ်သည်။ ယင်းတို့ကို ကာကွယ်ဆေး အချိန်မီ ထိုးနှံပေးနိုင်ပါက သေဆုံးမှုနှုန်း၊ အထူးကြပ်မတ် ကုသရမှုနှုန်း ကျဆင်းလာမည်ဖြစ်ကြောင်း ကျန်မာရေး အာဏာပိုင်များက ဆိုသည်။

အတွေ့ရများလာသော ပိုးတွေ့ အုပ်စုများမှာ ဆောက်လုပ်ရေး လုပ်သားများ၊ စားသောက်ဆိုင် လုပ်သားများ ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်ကပ်ဘေးစတင်ဖြစ်ပွားခဲ့ချိန်မှ ယမန်နေ့ကအထိ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်းမှာ ၂၈၉၂၃၃ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

ထို့အပြင် ကိုဗစ်ကြောင့် သေဆုံးခဲ့ရသူမှာလည်း ၂၂၇၆ ဦးအထိ ရှိသွားပြီဖြစ်သည်။

ယမန်နေ့က ကိုဗစ်ကူးစက်ခံခဲ့ရသူ ၆၁၆၆ ဦးဥတွင် အကျဉ်းသား ၈၄ ဦး ပါဝင်ခဲ့ကြောင်းလည်း သိရသည်။

Source: Bangkok Post, The Guardian