မောင်မယ်ရှောင်ရွာရှိ လောင်းကစားဝိုင်းအနီးတွင် ဗုံးပေါက်၊ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

0
128
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာရှိ လောင်းကစားဝိုင်း အနီးတွင် ယနေ့ ညနေ သုံးနာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံ တစ်ဦးထံမှ သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် အသက် ၄၀ ဝန်းကျင်အရွယ် မောင်မယ်ရှောင်ရွာသား သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ” ကြက်ဝိုင်းနဲ့ လေးပြားဝိုင်းကြားမှာ ပေါက်တာလို့ပြောတယ်။

ဗုံးပေါက်လို့ ဆိုပြီး လူတွေ ထွက်ပြေးလာကြတယ်” ဟု မောင်မယ်ရှောင်ရွာတွင် နေထိုင်သူ တစ်ဦးက ပြောသည်။

မောင်မယ်ရှောင်ရွာတွင် ယခုနှစ် ဧပြီလမှ စ၍ လောင်းကစားဝိုင်းများ ပြုလုပ်လာကြပြီး ရွာရှေ့ပိုင်းနှင့် ရွာနောက်ပိုင်း နှစ်နေရာတွင် လောင်းကစားပြုလုပ်နေကြကြောင်း သိရသည်။

Dakkhina Insight