မီဒီယာဉပဒေနှင့်အညီဆောင်ရွက်ရန် အဖမ်းဆီးခံ ဒီဗွီဘီသတင်းထောက်တောင်းဆို

0
165

မီဒီယာဉပဒေနှင့်အညီ အမိန့်ချပေးရန် ဖမ်းဆီးခံထားရသည့် မြိတ်အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော် က တောင်းဆိုလိုက်သည်။

မေလ ၂၈ ရက်နေ့က ၅ ကြိမ်မြောက် ထောင်အတွင်း အထူး တရားရုံးသို့ ရုံးထုတ်စဉ် တောင်းဆို လိုက်ခြင်းဖြစ်သည်။

ကိုအောင်ကျော်သည် ရာဇဝတ်မှုကျူးလွန်ခဲ့သူတစ်ဉီးမဟုတ်ဘဲ သတင်းမီဒီယာသမားတစ်ဉီး ဖြစ်သည့်အတွက် မီဒီယာဉပဒေဖြင့်သာ အရေးယူအမိန့်ချပေးပါရန် တရားသူကြီးအား တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်း၏ဇနီးဖြစ်သူ မနေခြည်မိုးထက် ကပြောသည်။

“လာမဲ့ ၂၆ ရက် ရုံးချိန်းမှာ အမှုနဲ့ပတ်သက်ပြီး လျှောက်လဲချက်အပြီးတင်ရမယ်”ဟု ၎င်းကပြောသည်။

သတင်းအမှားထုတ်လွှင့်သည်ဟုဆိုကာ မြိတ်အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်အား မတ်လ ၁ ရက်နေ့က မြိတ်မြို့တွင် ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခဲ့ပြီးနောက် ထောင်တွင်းတရားရုံးတွင် ရက်နေ့အထိ ၅ ကြိမ်ရုံးထုတ်စစ်ဆေးခဲ့ပြီး လာမည့်မေလ ၂၆ ရက်နေ့တွင် ထပ်မံရုံးထုတ်သွားမည်ဖြစ်ကြောင်း ၎င်း၏ဇနီးဖြစ်သူ ကပြောပြသည်။

ကိုအောင်ကျော်အား ဖမ်းဆီးခဲ့ပြီးနောက် ယနေ့အချိန်အထိ မိသားစုနှင့် တွေ့ခွင့်မရသေးကြောင်း မနေခြည်မိုးထက် ကဆိုသည်။