တနင်္သာရီတိုင်းတွင် ပညာရေး ဝန်ထမ်း ၇ ဦး ကားပါမစ်လျှောက်

0
147
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းတွင် ကားပါမစ် လျှောက်ထားသူ ပညာရေးဝန်ထမ်း ခုနစ်ဦးရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ကားပါမစ်လျှောက်သူသည် နိုင်ငံတော်မှ ချီးမြှင့်သည့် ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်ရရှိထားသူဖြစ်ရမည်ဖြစ်ပြီး အသက် ၅၇ နှစ် နှင့်အထက် ပင်စင်နီး ဝန်ထမ်းများ လျှောက်ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ၂၀၂၀ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန် ထားသည်။

ကားပါမစ်လျှောက်ထားခွင့်ကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက တင်ထားသော်လည်း ယခု ဇန်နဝါရီနောက်ဆုံးအပတ်ထိ ပါမစ်ကျမလာသေးကြောင်း အထက်ပါ ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (စီမံ) ဦးဌေးအောင်က ပြောသည်။

ကားပါမစ်လျှောက်ထားသူများမှာ တိုင်းပညာရေးမှူးရုံးမှ လေးဦး၊ မြိတ် တစ်ဦး၊ ထားဝယ် တစ်ဦး၊ ပုလောမြို့ နယ်တွင် တစ်ဦးတို့ ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။