ကိုဗစ်ကြောင့် သေဆုံးသူဆက်တိုး

0
210
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်တွင် ကိုဗစ်ရောဂါ ကူးစက်မှုကြောင့် ဇန်နဝါရီ ၂၈ ရက်အထိ သေဆုံးသူ ၄၂ ဦးအထိ တိုးလာသည်ဟု မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်နယ်အတွင်း ကိုဗစ်ကြောင့် သေဆုံးမှု ဇန်နဝါရီလအတွင်း၌ ဆက်တိုက် တိုးလာခဲ့ပြီး လက်ရှိတွင် ၄၂ ဦး အထိ ရှိလာခဲ့သည်။

သေဆုံးသူများသည် ရောဂါအခံကြီးကြီးမားမားရှိသူမဟုတ်ဘဲ အဓိက ကိုဗစ်ကူးစက်ရောဂါကြောင့်သာ သေဆုံးသွားကြခြင်းဖြစ်သည်ဟု ပြည်နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာန ဒု-ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောသည်။

“ကိုဗစ် ဗိုင်းရပ်စ်ပိုးဟာ အရင်ကထက် ပိုပြင်းထန်လာသလားဆိုတာကို စဉ်းစားစရာ ဖြစ်နေတာပေါ့နော်” ဟု ဒေါက်တာဝတ်မှုံက ပြောသည်။

မွန်ပြည်နယ်တွင် အထူးသဖြင့် မော်လမြိုင်၊ သထုံနှင့် ကျိုက်ထိုမြို့နယ် တို့တွင် နိုဝင်ဘာလဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ပိုးတွေ့လူနာ သိသိသာသာမြင့် တက်လာခဲ့ပြီး ထိတွေ့သူတွေလည်း များပြားလာခဲ့သည်။

မွန်ပြည်နယ်တွင် ဇန်နဝါရီ ၂၈ ရက်အထိ ကိုဗစ်ကူးစက်ခံရသူ ၃၅၁၀ ရှိပြီး ရောဂါသက်သာပြီး ဆေးရုံမှာဆင်းသွားသူ ၃၀၂၉ ရှိသည်ဟု ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်သည့် စာရင်းအရ သိရသည်။