ကလိန်အောင်ရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး ဆွဲကြိုးချသတ်သေ

0
206
Dawei Watch, Dawei News, Dawei News Media

မိသားစုနှင့်ခွဲခွာနေရသဖြင့် စိတ်ကျဝေဒနာ ခံစားနေရသည် ဆိုသည့် ရေဖြူမြို့နယ် ကလိန်အောင်နယ်မြေ ရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး ကိုယ့်ကိုကိုယ် ဆွဲကြိုးချသေကြောင်းကြံစည်မှုတစ်ခု ဇန်နဝါရီလ ၂၂ ရက်က ဖြစ်ပွားခဲ့သည်။

သေဆုံးသူသည် ရခိုင်ပြည်နယ် မြောက်ဦးဒေသခံတစ်ဦးဖြစ်ပြီး ကလိန်အောင်နယ်မြေရဲစခန်းတွင် မိသားစုနှင့် ခွဲကာ တစ်ဦးတည်းလာရောက်တာဝန် ထမ်းဆောင်နေသူဖြစ်ကြောင်း‌ ရေဖြူ မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ကျော်မိုး က ပြောသည်။

“စခန်းရဲ့ အနောက်ဘက်မှာ အပေါ့အပါးသွားမယ့် နေရာလေးလုပ် ပေးထားတာရှိတယ်။ အဲဒီနေရာ အပေါ့ သွားမယ်ဆိုပြီး ထွက်သွားတာ အဲဒီမှ သူ့ဘာသာသူ သတ်သေလိုက်တာပေါ့” ဟု ၎င်းက ဆိုသည်။

မသေဆုံးမီ သုံးရက်လောက်အလို က ဆီးချိုရောဂါအခံရှိသဖြင့် အရက်ဖြတ်ခဲ့သည်ဟုလည်း ကြားသိခဲ့ရပြီး မသေမီ တစ်ရက်အလိုကလည်း မိသားစု ထံ ဖုန်းဆက်နေသည်ကိုကြားသိခဲ့ရကြောင်း ဒုရဲမှူးအောင်ကျော်မိုးက ပြောသည်။

သေဆုံးသူ ဒုတပ်ကြပ်သည် သားသမီးငါးဦး၏ ဖခင်လည်းဖြစ်ကြောင်း‌ ရေဖြူမြို့မ ရဲစခန်းထံမှ သိရသည်။

ကျော်သူစိုး