မီးလောင်မှုကြောင့် လူ ၇၀ နီးပါ မီးဘေးသင့်

0
170
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု အင်လေးမြိင်ရပ်ကွက်တွင် နေအိမ် ၁၂ ဆောင် မီးလောင်ကျွမ်းခဲ့ရပြီး မီးဘေးသင့်သူဦးရေ ၇၀ ကျော်ခန့်ရှိခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

အင်းလေးမြိုင်ရပ်ကွက် ပဒုမ္မာ ၃ လမ်းရှိ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေ အိမ်တစ်ဆောင်မှ စတင်လောင်ကျွမ်းခဲ့သည့် မီးမှာ ပဒုမ္မာ ၃ လမ်းနှင့် လမ်းမကြီးပေါ်တို့ရှိ အာစီတစ်ထပ်တိုက် တစ်လုံးနှင့် နှစ်ထပ်တိုက်တစ်လုံးတို့ အပါအဝင် နေအိမ်များ မီးလောင်ကျွမ်းခဲ့ရပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရ သည်။

မီးဘေးသင့်သူများအား အောင်မင်္ဂလာ ပရိယတ္တိစာသင်တိုက်တွင် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထား ရှိကြောင်း သိရသည်။

မီးစတင်လောင်နေသည့် နေအိမ်မှ ပိုင်ရှင်မှာ တိမ်းရှောင်နေပြီး မီးလောင်သည့် အကြောင်းရင်းအား စုံစမ်းဆဲဖြစ်ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းက ပြောပြသည်။

နေအိမ်များမီးလောင်ကျွမ်းသဖြင့် စုစုပေါင်း ကျပ်သိန်းတစ်ရာ့ရှစ်ဆယ် နီးပါး ဆုံးရှုံးခဲ့ရကြောင်း အစိုးရ၏ စာရင်းဇယားက ဆိုသည်။

ထို့ပြင် ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွှဲပိုင်းအချိန်တွင် မြိတ်ခရိုင် ပုလောမြို့ အမှတ် ၅ ရပ်ကွက် နေအိမ်တစ် ဆောင်မီးလောင်ခဲ့သေးကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။