ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ကိုဗစ်အကူးခံရ

0
392

ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်စိုးမိုးတွင် ကိုဗစ်ရောဂါကူးစက်ခံရသည့်အတွက် ထားဝယ်ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ဦးအောင်စိုးမိုးမှာ ရန်ကုန်မှ ပြန်လာသည့်အတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့က စစ်ဆေးရာ ကိုဗစ်ရောဂါပိုးတွေ့ရကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထားဝယ်ခရိုင်ဦးစီးမှူး ဒေါက်တာဥက္ကာက ဆိုသည်။

လက်ရှိတွင် ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း ၎င်းက ပြောသည်။

“ကောင်းပါတယ်၊ သူက အစကတည်းက ဘာရောဂါလက္ခဏာမှ ပြတာမဟုတ်ဘူးလေ” ဟု ဒေါက်တာဥက္ကာက ဆိုသည်။

၎င်းမှာ ရန်ကုန်မှပြန်လာပြီးနောက် ကွာရန်တင်း ဝင်နေစဉ်စစ်ဆေးရာမှ ပိုးတွေ့ခဲ့ကြောင်း ၎င်းက ပြောသည်။

၎င်း၏ ယာဉ်မောင်းဖြစ်သူကိုလည်း ကွာရန်တင်းစခန်းတွင် နေထိုင်စေပြီး  နမူနာယူစစ်ဆေးရာ ကိုဗစ်ပိုးမတွေ့ရကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

တိုင်းဒေသကြီးကျန်းမာရေးဌာန၏ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ စာရင်းအရ တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ ၆၅၇ ဦးရှိပြီး ဆေးရုံတွင် ကုသနေရဆဲလူနာ ၄၆ ဦးရှိသည်။