FDA က တစ်နှစ်အတွင်း အစားသောက်၊ ဆေးဝါးနှင့် အလှကုန် ကျပ်သိန်း ၅၀ ကျော်ဖိုး သိမ်းဆည်း

0
244
Dawei Watch, Dawei News, Dawei News Media

စားသုံးရန်မသင့်သည့် အစား အသောက်၊ သုံးစွဲရန်မသင့်သည့် ဆေးဝါးနှင့် အလှကုန်များကို တစ်နှစ်အတွင်း ကျပ်သိန်း ၅၀ ကျော်ဖိုး သိမ်းဆည်းရမိခဲ့ကြောင်း တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA )ထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် ခန့်မှန်းတန်ဖိုး ကျပ် ၁၇၄၉၈၂၅၊ မြိတ်ခရိုင်တွင် ခန့်မှန်း တန်ဖိုး ကျပ် ၁၉၅၃၆၀၊ ကော့သောင်း ခရိုင်တွင် ခန့်မှန်းတန်ဖိုး ကျပ် ၃၄၈၃၇၅၀ ဖိုးခန့် သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါဌာန၏ တိုင်းဦးစီးမှူး ဒေါ်မေသန်းနိုင်က ပြောသည်။

ထားဝယ်ခရိုင်တွင် သိမ်းဆည်းရမိသည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များထဲမှ ကျပ် ငါးသိန်းကျော်ဖိုးကို ဒီဇင်ဘာ ၁၇ ရက်နေ့က ထားဝယ်မြို့၊ တဂူသိမ်အမှိုက် ပုံတွင် တွင်းတူး၍ မြေမြှုပ်ဖျက်ဆီးခဲ့သည်ဟု အထက်ပါဌာနထံမှ သိရသည်။

ခွင့်မပြု၊ သက်တမ်းလွန်၊ သုံးစွဲရန် မသင့်၊ စားသုံးရန်မသင့်သည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များကို FDA ဌာနမှလိုက်လံ စစ်ဆေးနေပြီး တွေ့ရှိပါက ခံဝန်ကတိ ရေးထိုးခြင်း၊ ဆိုင်ပိတ်သိမ်းခြင်း၊ ပစ္စည်း သိမ်းဆည်းခြင်းများပြုလုပ်ကာ နောက်နောင် ယင်းသို့သော ပစ္စည်းများကို ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန် အသိပညာပေးခြင်းများကို အထက်ပါဌာနက ပြုလုပ်လျက်ရှိသည်။