ဝဲကျွန်းထိန်သစ်ရပ်ကွက်တွင် အားကစားကွင်းရရန် ကြိုးစားနေသည်ဟုဆို

0
152
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ် ရပ်ကွက်တွင် အားကစားကွင်းရရန် ကြိုးစားနေသည်ဟု ထားဝယ်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

လေယာဉ်ပျံကွင်း အနောက်ဘက်၊ တဂူသိမ်ဈေးအရှေ့ဘက်ခြမ်းရှိ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေကို အခြားနည်းအသုံးပြုခွင့်တင်ထားပြီး ခွင့်ပြုချက်ကျပါက ဘောလုံးအားကစားကွင်းပြုလုပ်မည်ဖြစ်ကြောင်း ဦးအောင်ဝင်းက ပြော သည်။

“ဆရာတို့က အဓိကတော့ မူးယစ်ဆေးဝါးဘက်ကို မရောက်အောင် အာရုံ လွှဲဖို့အတွက်ပေါ့” ဦးအောင်ဝင်းက ဆိုသည်။

အဆိုပါမြေနေရာကို လာမည့်နှစ်တွင် အခြားနည်းအသုံးပြုခွင့်ရရန် ကြိုးစားနေပြီး အခြားနည်းအသုံးပြုခွင့်ရပါက ဘောလုံးအားကစားကွင်း၊ ပိုက်ကျော်ခြင်းနှင့် အခြား အားကစားပစ္စည်းများ လုပ်ဆောင်မည်ဟု ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်လွှတ်တော်သက်တမ်းတွင် ဝဲကျွန်းထိန်သစ်ရပ်ကွက်တွင် အားကစားကွင်းပြုလုပ်ပေးရန် ရှိ/မရှိ ကို လွှတ်တော်တွင် ကြယ်ပွင့်မပြမေးခွန်းဖြင့် မေးမြန်းခဲ့ရာ စည်ပင်ဝန်ကြီး ဦးဟိုပင်က မြေနေရာရှိပါက အားကစား ကွင်းပြုလုပ်ပေးမည်ဟု ပြန်လည်ဖြေကြားခဲ့သည်ဟု ဦးအောင်ဝင်းက ဆိုသည်။

ယင်းကြောင့် အားကစားကွင်းရရန် အဆိုပါမြေနေရာအား အခြားနည်းအသုံး ပြုခွင့်တင်ထားပြီး လက်ရှိတွင် အားကစားဝါသနာရှင်များ ကစားနိုင်ရန်အတွက် မြေနေရာရှင်းလင်းပေးထားသည်ဟု ၎င်းက ပြောသည်။