ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျပ်သန်းလေးထောင် ဝန်းကျင်သုံးမည်

0
174
Dawei Watch, Dawei News, Dawei News Media

၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များအတွက် ကျပ်သန်း ၃၈၀ဝ သုံးစွဲမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျေးရွာ ၁၁ ရွာတွင် ကုန်ထုတ်လမ်း ၁၁ လမ်းအတွက် ကျပ် ၅၈၇ ဒသမ ၄၂၅ သန်း၊ ကုန်ထုတ်တံတား ၁၇ စင်းအတွက် ကျပ် ၂၃၉ ဒသမ ၆ သန်း၊ ကျေးရွာ ၈၁ ရွာတွင် ရေပေးဝေရေးလုပ် ငန်း ၈၄ ခု အတွက် ကျပ် ၁၄၄၂ ဒသမ ၃၃ သန်း သုံးစွဲမည်ဖြစ်သည်။

တောင်သူများအတွက် ကိုဗစ်အထူးချေးငွေ ကျပ်သန်း ၅၀ဝ ကျော်ပြန်အပ်

ကျေးရွာ ၁၀ ရွာတွင် မြစိမ်းရောင် စီမံကိန်း ၁၀ ယူနစ်အတွက် ကျပ်သန်း ၃၀ဝ ၊ ကျေးရွာ ၈၀ တွင် VDP စီမံကိန်းအတွက် ကျပ်သန်း ၈၀ဝ ကို ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ကျေးရွာ ၁၈ ရွာတွင် ရေပေးဝေရေး လုပ်ငန်း ၂၀ ခုအတွက် ၂၇၅ ဒသမ ၄၇ သန်းသုံးစွဲမည်ဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စုစုပေါင်း ၃၇၃၄ ဒသမ ၈၂၅ သန်း သုံးစွဲမည်ဖြစ်ကြောင်း ယင်းဌာန၏ စာရင်းများအရ သိရသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ် ၁၀ ခုရှိ ကျေးရွာပေါင်း ၂၀ဝ တွင် စတင် လုပ်ဆောင်နေပြီဖြစ်သည်ဟု သိရသည်။

မိုးမြင့်