လောင်းလုံး ရှေးဟာင်းဂဝံယဉ်ကျေးမှု နေရာတစ်ခုကို ရှေးဟောင်းယဉ်ကျေးမှုဇုန် သတ်မှတ်မည်

0
286
ဂဝံယဉ်ကျေးမှုလက်ရာများ

ရှေးဟောင်းဂဝံယဉ်ကျေးမှုလက်ရာ ထွန်းကားရာနေရာတစ်ခုဖြစ်သည့် လောင်းလုံးမြို့နယ်၊ နခံတောရွာရှိ ရပ်ခံတောင်အနောက်ဘက်က မြေသုံးဧက ကျော်ကို ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ဇုန်သတ်မှတ်နိုင်ရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ထားဝယ်ဌာနခွဲက ဆောင်ရွက် လျက်ရှိသည်။

ရပ်ခံတောင်အနောက်တွင်ရှိသည့် ဂဝံယဉ်ကျေးမှုလက်ရာများသည် အေဒီ ၄ ရာစုခန့် (လွန်ခဲ့သည့်နှစ် ၁၆၀ဝ ကျော်) ထွန်းကားခဲ့သည့် လက်ရာများဟု ခန့်မှန်းထားကြောင်း အထက်ပါဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်စိုး က ပြောသည်။

“လက်ရှိအစိုးရလက်ထက်မှာပဲ ရှေးဟောင်းဇုန်သတ်မှတ်နိုင်ဖို့အတွက် တင်ပြ ဖို့လုပ်ဆောင်နေပါတယ်” ဟု ဦးခင် မောင်စိုးက ပြောသည်။

ရပ်ခံတောင်အနောက်ဘက်ကထွက် ပေါ်လာသည့် ရှေးဟောင်းဂဝံ ယဉ်ကျေး မှုလက်ရာ စတူပါခေါ် စေတီငယ်များကို ထားဝယ်မြို့ရှိ ယဉ်ကျေးမှုပြတိုက်ထဲတွင် ခင်ကျင်းပြသထားသည်။

ရှေးဟောင်းယဉ်ကျေးမှုဇုန်သတ် မှတ်ပြီးပါက ပြည်ပခရီးသွားဧည်သည် များကိုဆွဲဆောင်နိုင်သည့် နေရာအသစ် တစ်ခုဖြစ်လာမည်ဟုလည်း ဦးခင်မောင်စိုး က ဆိုသည်။

မွန်ပြည်နယ်က သုဝဏ္ဏဘူမိ၊ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်ရှိ ပါဒကြီးတို့မှာ မြန်မာနိုင်ငံတွင် ထင်ရှားသည် ရှေးဟောင်း ဂဝံယဉ်ကျေးမှုထွန်း ကားရာ ဒေသများဖြစ်သည်။

ထားဝယ်ခရိုင်တွင်မူ လောင်းလုံး မြို့နယ် ပြင်ကျွန်းကျေးရွာ၊ မင်းရပ် ကျေးရွာ၊ သာဂရမြို့ဟောင်း(မြို့ဟောင်း ရွာ)၊ ထားဝယ်မြို့ ကျောက်မော်ရပ်ကွက်၊ ရှင်းမုတ္တီးကျေးရွာများတွင် ဂဝံယဉ်ကျေးမှုလက်ရာများကို တွေ့ရှိထားသည်။

ယင်းအပြင် ရပ်ခံတောင်စေတီတော်နှင့် သာသနိက အဆောက်အအုံရှိသည့် နေရာများကို ရှေးဟောင်းယဉ်ကျေးမှု ကာကွယ်ရေးဇုန်အဖြင့် သတ်မှတ်နိုင်ရန်အတွက်လည်း ယင်းဌာနက ဆောင်ရွက်လျက်ရှိသည်။

ကျော်သူစိုး