ရွေးကောက်ပွဲအသုံးစရိတ် မတင်သေးသူ သုံးပုံတစ်ပုံကျန်

0
273
Dawei Watch, Dawei News, Dawei News Media

ရွေးကောက်ပွဲအသုံးစရိတ် နောက်ဆုံး တင်သွင်းရန် တစ်ပတ်သာကျန်တော့ သည့်အချိန်အထိ တနင်္သာရီတိုင်းတွင် အသုံးစရိတ်စာရင်းတင်သွင်းရန်ကျန်နေသူ ၈၀ နီးပါး(သုံးပုံတစ်ပုံ)ကျန်နေသေးကြောင်း သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတို့ထံမှ သိရသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်သူများအားလုံး (တနင်္သာရီတိုင်း တွင် ၂၂၆ ဦး) သည် အနိုင်ရ ကိုယ်စားလှယ်များကို ထုတ်ပြန်ကြေညာသည့်နေ့ (နိုဝင်ဘာလ ၁၁ ရက်) မှ တစ်လအတွင်း ရွေးကောက်ပွဲမယ်ဆွယ်ကာလအတွင်း အသုံးပြုခဲ့သော အသုံးစရိတ်စာရင်းများကို သက်ဆိုင်ရာ တိုင်း၊ ခရိုင်ရွေးကောက် ပွဲကော်မရှင်များထံ တင်ပြကြရမည်ဖြစ် သည်။

ဒီဇင်ဘာလ ၄ ရက်က ခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သုံးဖွဲ့အား ဆက်သွယ်မေးမြန်းကြည့်ရာ ထားဝယ် ခရိုင်တွင် ၇၀ ဦး၊ မြိတ်ခရိုင်တွင် ၆၀ ကျော်၊ ကော့သောင်းခရိုင်တွင် ၁၇ ဦး၊ စုစုပေါင်း ၁၄၇ ဦး(၆၅ ရာခိုင်နှုန်း)တင်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။

တင်သွင်းရန်ကျန်နေသူများအနက် NLD ပါတီမှ အနိုင်ရကိုယ်စားလှယ် အချို့လည်း ပါဝင်နေသည်။

သတ်မှတ်ကာလအတွင်း ရွေးကောက်ပွဲအသုံးစရိတ်စာရင်း တင်သွင်းခြင်းမရှိ သောသူများအား ကိုယ်စားလှယ်လောင်း အရည်အချင်းပျက်ယွင်းသူဟု သတ်မှတ်ခံ ရမည်ဖြစ်သည်။

ယင်းသို့ အရည်းအချင်းပျက်ယွင်းကြောင်း သတ်မှတ်ခံရသူသည် အနိုင်ရ ကိုယ်စားလှယ်ဖြစ်ပါက ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံရမည်ဖြစ်ပြီး အနိုင် မရသူဖြစ်ပါက ငါးနှစ်တာကာလအတွင်း ကျင်းပသည့် မည်သည့်ရွေးကောက်ပွဲကိုမျှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည် မဟုတ်ပေ။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် တို့တွင် ဝင်ပြိုင်သော ကိုယ်စားလှယ်လောင်းများသည် တစ်ဦးလျှင် ရွေးကောက် ပွဲအသုံးစရိတ် ကျပ်သိန်း ၁၀ဝ အထိ သုံးစွဲခွင့်ရှိပြီး တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ် (တနင်္သာရီတိုင်းတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး) ဆိုပါက ကျပ်သိန်း ၁၅၀ အထိ သုံးစွဲခွင့် ရှိသည်။

သတ်မှတ်ပမာဏထက် ပိုသုံးစွဲသည်ရှိခဲ့ပါက ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း တစ်ဦးဦးက အထောက်အထားဖြင့် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြကန့်ကွက်နိုင်သည်။