အာမခံငွေ ပြန်ရသည့် ကိုယ်စားလှယ်လောင်း ၁၀၉ ဦးရှိ

0
259
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်းများအနက်မှ ရွေးကောက်ပွဲ ဝင်ခွင့် အာမခံငွေ ပြန်လည်ရရှိသည့် ကိုယ်စားလှယ်လောင်း ၁၀၉ ဦးရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ရွေးကောက်ပွဲဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများသည် လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင် သွင်းလွှာနှင့်အတူ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ကျပ်သုံးသိန်း ပေးသွင်းထားရသည်။

မွန်တွင် ကိုဗစ်ကူးစက်မှု များလာသည့်အတွက် ကုသရေးနေရာ ထပ်ချဲ့

ကိုယ်စားလှယ်လောင်းများ တင်သွင်းထားခဲ့ရသည့် အာမခံငွေမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်လောင်းများနှင့် ခိုင်လုံမဲ ရှစ်ပုံတစ်ပုံ (ရာခိုင်နှုန်းအားဖြင့် ၁၂ ဒသမ ၂၅ ရာခိုင် နှုန်း) နှင့်အထက် ရရှိသော ကိုယ်စား လှယ်လောင်းများကသာ ပြန်လည်ရရှိ မည်ဖြစ်သည်။

မွန်ပြည်နယ်အတွင်း ရွေးကောက် ပွဲဝင်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၂၅၇ ဦးတွင် ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်လောင်း ၄၅ ဦးနှင့် ခိုင်လုံမဲ ရှစ်ပုံတစ်ပုံနှင့်အထက်ရရှိသည့် ကိုယ်စားလှယ်လောင်း ၆၄ ဦးရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိစာရင်းအရ သိရသည်။

ရွေးကောက်တင်မြှောက်ခြင်း မခံရသည့်အပြင် ခိုင်လုံမဲ ရှစ်ပုံတစ်ပုံနှင့် အထက် မရရှိသည့် ကိုယ်စားလှယ် လောင်းများ၏ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားဟုလည်း ကော်မရှင် အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ဆက်ပြောသည်။

၎င်းပြင် ရွေးကောက်ပွဲနည်းဥပဒေအရ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ပြန်လည်ရရှိမည့် ကိုယ်စားလှယ်လောင်း များအနေနှင့်လည်း ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ထုတ်ယူရန် အကြောင်းကြားသည့်နေ့မှ ခြောက်လအတွင်း လာရောက် ထုတ်ယူခြင်းမရှိပါက နိုင်ငံတော်ဘဏ္ဍာသို့ ပေးသွင်းရမည်ဟု ဖော်ပြပါရှိသည်။

ယဉ်စနိုင်း