တန်နဲ့ချီတဲ့ ငါးတွေ ပင်လယ်ပြင်မှာ ပေါလောပေါ်သေဆုံးနေမှု အဖြရှာဆဲ

0
565

ကော့သောင်းပင်လယ်ပြင်မှာ ကျောက်ငါးမျိုးစိတ်တွေ ရေပေါ်ပေါ်လာတာရှိတဲ့အတွက် အဲဒီငါးနဲ့ ရေနမူနာကို ရန်ကုန်မှာရှိတဲ့ ငါးရောဂါဌာနစုဓာတ်ခွဲခန်းနဲ့ အခြားဓာတ်ခွဲခန်းတစ်ခုထံ ပေးပို့ထားတယ်လို့ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနကနေသိရပါတယ်။

ဒီလိုငါးတွေရေပေါ်ပေါ်လာတာဟာ အဆိပ့်ကြောင့်လား၊ ငါးဗုံးခွဲမှုကြောင့်လား၊ ရောဂါတစ်ခုခုကြောင့်လားဆိုတာကို သေသေခြာခြာသိရဖို့အတွက် ဓာတ်ခွဲစစ်ဆေးထားတာဖြစ်ပါတယ်။

ကျောက်ငါးတွေဟာ စက်တင်ဘာလ ၂၀ ရက်လောက်ကစပြီး ရေပေါ်ပေါ်လာနေတာဟာ အခုဆိုရင် ၂ နီးပါးခန့်ရှိပြီဖြစ်ပါတယ်။

ကော့သောင်းခရိုင် ညောင်ဝီးကျွန်း၊ ဘိုချိုကျွန်း၊ လန်ပိကျွန်း၊ လငန်းကျွန်း၊ ပုလဲကျွန်းတွေမှာ ပေါ်လာတာကို တွေ့လာရတယ်လို့ ကျွန်းအနီးနေထိုင်တဲ့ ဒေသခံရေလုပ်သားတွေက ပြောပါတယ်။