၀န်ထမ်းများ တည်းခိုစရိတ် ခံစားခွင့်ရမည်

0
819
Dawei Watch, Dawei News, Dawei News Media

နိုင်ငံ့ဝန်ထမ်းများ ပြည်တွင်းခရီး သွားပါက တည်းခိုစရိတ်ကို အစိုးရမှ ထုတ်ပေးနေပြီဖြစ်သည်။

သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် ခံစားခွင့်ရမည့် တည်းခိုစရိတ်ကို ယခု ဘဏ္ဍာနှစ်မှစတင်ကာ ခွင့်ပြုလိုက်ကြောင်း ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးနေ လင်းထက်က ဆိုသည်။

နိုင်ငံ့ဝန်ထမ်းများခရီးသွားရာတွင် ယခင်က ခရီးစရိတ်သာရပြီး တည်းခို စရိတ် ခံစားခွင့်မရကြပေ။

သို့ရာတွင် ဌာနအဖွဲ့အစည်းများက ၎င်းတို့ပိုင်ရိပ်သာတွင် အခမဲ့တည်းခို နေထိုင်ရန် စီစဉ်ပေးနိုင်ခြင်းမရှိမှသာ တည်းခိုစရိတ် ခံစားခွင့်ရမည်ဖြစ်သည်။

တည်းခိုခန်းစရိတ်ပေးရာတွင် ညွှန် ကြားရေးမှူးချုပ်နှင့် အထက်အဆင့် တာဝန်ရှိသူက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တွင် တည်းခိုပါက တစ်ရက်လျှင် ကျပ်ငါးသောင်း သတ်မှတ်ထားပြီး အခြားမြို့များတွင် တည်းပါက သုံးသောင်း သတ်မှတ်ထားသည်။

ညွှန်ကြားရေးမှူးတာဝန်မှ ဒုတိယ ညွှန်ချုပ်အထိ ဝန်ထမ်းများကိုမူ တည်းခို မည့်မြို့အပေါ်မူတည်ကာ တစ်ရက်လျှင် ကျပ်သုံးသောင်းမှ နှစ်သောင်းကျပ်အထိ၊ ဦးစီးအရာရှိ တာဝန်မှ ဒုတိယညွှန်မှူးအထိ ဝန်ထမ်းများမှာ ကျပ်နှစ်သောင်းခွဲမှ နှစ်သောင်း၊ အမှုထမ်း တာဝန်ရှိသူများကိုမူ ကျပ်နှစ်သောင်းမှ တစ်သောင်း ခွဲ ဖြစ်သည်။

သို့ရာတွင် နိုင်ငံပိုင်ဧည့်ရိပ်သာ မရှိသည့်ဒေသနှင့် ရှိသော်လည်းတည်းခို၍ မရနိုင်သည့် အခြေအနေမျိုးတွင်သာ ပုဂ္ဂလိကပိုင် တည်းခိုခန်း/ ဟိုတယ်တွင် တည်းခိုရမည်ဟု စည်းကမ်းချက်သတ် မှတ်ထားသည်။