ထားဝယ်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ မကျင်းပရန် ဆုံးဖြတ်

0
503
ထားဝယ်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ

ကိုဗစ်ကပ်ဘေးကြောင့် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဘုရားပွဲအား မကျင်းပရန် ဘုရားကြီးဂေါပကအဖွဲ့က ဆုံးဖြတ်လိုက်သည်။

ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထားဝယ်ဒေသ၏ အစည်ကားဆုံး ပွဲတော်ဖြစ်သည့် ၁၁၁ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို ယခုနှစ်တွင်မကျင်းပတော့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးကိုဗစ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လမ်းညွှန်ချက်အရ ယင်းသို့ဆုံးဖြတ်ခဲ့ကြောင်း ဘုရားကြီးဂေါပကအဖွဲ့မှ ဦးထွန်းကြည်က ဆိုသည်။

ထားဝယ်မြို့အတွင်း နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲကို နှစ်စဥ်တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညတွင် ကျင်းပလေ့ရှိသည်။