ကွမ်းသီးဈေး ပြီးခဲ့သည့်နှစ်ထက် နှစ်ထောင်ခန့်လျော့

0
262
Dawei Watch, Dawei News, Dawei News Media

ကွမ်းသီးအသစ်ဈေး ပြီးခဲ့သည့်နှစ်ထက် နှစ်ထောင်ခန့် လျော့နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယခုနှစ် အောက်တိုဘာလ ကွမ်းသီး သစ်ထွက်သည့် ရာသီအစတွင် ၂၀ဝ၀ ကျပ်ဖြင့် ဈေးစဖွင့်ခဲ့ပြီး လက်ရှိ နိုဝင်ဘာ ၄ ရက်နေ့ ဈေးကွက်တွင် တစ်ပိသာ ၂၅၀ဝ ကျပ်မှ ၂၈၀ဝ ကျပ်ခန့်အထိ ရှိနေ သည်ဟု ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က ကွမ်းသီးရာသီ အစတွင် တစ်ပိသာ ၃၆၀ဝ ကျပ်မှ ၅၂၀ဝ ကျပ်ဝန်းကျင်အထိ ဈေးကောင်းရခဲ့ပြီး ယခုနှစ်တွင် ပြီးခဲ့သည့်နှစ်ကထက် ကျပ် နှစ်ထောင်ခန့် ဈေးကျနေသည်ဟု ပွဲရုံ လုပ်ငန်းရှင်အချို့နှင့် ဒေသခံတောင်သူ အချို့က ဆိုသည်။

စပါးရိတ်ချိန် ကိုဗစ်နှင့် ရာသီဥတု နှိပ်စက်ခြင်းခံနေသည့် လယ်သမားမျာ

ရာသီမမှန်ခြင်းကြောင့် ကွမ်းသီး အရည်အသွေးမမှန်ခြင်း၊ အထက်မြန်မာ ပြည်မှ ပွဲရုံများတွင် ဈေးမဖွင့်သေးခြင်း တို့ကြောင့် ဈေးကျနေခြင်းဖြစ်သည်ဟု ကြက်စားပြင်ရပ်ကွက်ရှိ သိန်းသန်းတိုး ပွဲရုံမှ တာဝန်ရှိသူက ပြောသည်။

“ဒီနှစ်က စီးပွားရေးကဘယ်လိုလဲ ဆို ကိုဗစ်ကြောင့်လည်းပါတယ်။ Export ထွက်မရတဲ့ ဒဏ်လည်း ပါတယ်။ ခု တစ်ရက်နှစ်ရက်ထဲမှာကို သုံးထောင်တွေ ဘာတွေ ပြန်ဖြစ်သွားလိမ့်မယ်ဆိုထင်တယ်။ မနှစ်တုန်းက ဈေးကိုမီဖို့ကတော့ အချိန်တစ်ခုကို စောင့်ရလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ငွေလည်ပတ်ရန် လိုသည့်တောင်သူ များကမူ လက်ရှိပေါက်ဈေးဖြင့် ရောင်းနေကြသော်လည်း တောင်သူအချို့ကမူ ဈေးကောင်းရသည့်အချိန်ကို စောင့်ဆိုင်း နေသဖြင့် ကွမ်းသီး အရောင်းအဝယ်မှာ အနည်းအကျဉ်းသာ ရှိနေသေးသည်ဟု ၎င်းက ပြောသည်။

လက်ရှိ ကွမ်းသီးအဟောင်းဈေးမှာ ၄၅၀ဝ ကျပ်ဝန်းကျင်ခန့်ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မိုးမြင့်