ကျူ ၁၄ ရက် ဝင်ပြီး အိမ်ပြန်မည့်သူများ ဒါတွေ လိုက်နာပါ

0
435

ကွာရန်တင်း(ကျူ)ကာလ ၁၄ ရက် ပြည့်ပြီး နောက်ထပ် ၇ ရက်အတွင်း ကိုယ့်အတွက် ပိုမိုစိတ်ချရစေရန်နှင့် အခြားသူတွေဆီက ကိုယ့်ကို (ဒါမှမဟုတ်) ကိုယ့်ဆီကနေ မိသားစုဝင်တွေ/ အခြား သူတွေဆီကို ကိုဗစ်-၁၉ ရောဂါပိုးကူးစက် တာမျိုး မရှိစေဖို့ ဒီအချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ပါ။

၁) ကျူစခန်းမှ ပြန်လာမယ့်သူများကို လာခေါ်တဲ့အခါ လူအများအပြားနဲ့ လာခေါ်တာ၊ ပွေ့ဖက်နှုတ်ဆက်တာမျိုး လုံးဝမပြုလုပ်ရပါ။

၂) ကိုယ့်နေအိမ်သို့ ပြန်မယ့်သူများကို လာခေါ်တဲ့အခါ ခွဲစိတ်ခန်းသုံးပါးစပ်နှင့် နှာခေါင်းစည်းဖြင့် ပါးစပ်နှင့် နှာခေါင်းကို မဖြစ်မနေလုံခြုံအောင် ဖုံးအုပ်ပါ။ နှာချေ၊ ချောင်းဆိုးရာမှာ တစ်ရှူး အသုံးပြုပါ။ အသုံးပြုပြီးသော တစ်ရှူးကို အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ပါ။

၃) နေအိမ်သို့ပြန်ရာမှာ ဖြစ်နိုင်ပါက မှန်အလုံပိတ်ထားတဲ့ ယာဉ်များနှင့် အများသုံးယာဉ်များကို အသုံးမပြုပါနှင့်။ အဲယားကွန်း အသုံးပြုတဲ့ယာဉ်ဖြစ်ပါက တံခါးများကို ဖွင့်ထားပါ။ လမ်းခရီးမှာ အများသုံး ယာဉ်ရပ်နားစခန်းများနှင့် စားသောက်ဆိုင်များ စသည့်လူအများစု ဝေးရာနေရာတို့တွင် ရပ်နားခြင်းမှ ရှောင်ကြဉ်ပါ။

၄) နေအိမ်သို့ပြန်ရောက်ပြီး ၇ ရက်အတွင်း ကိုယ့်နေအိမ်မှာသာ နေပါ။

၅) အိမ်တွင် လေဝင်/လေထွက် ကောင်းစေရန် ပြတင်းပေါက်များကို ဖွင့်ထားပါ။

၆) တစ်ကိုယ်ရေ အသုံးအဆောင် ပစ္စည်းများ (ပန်းကန်ခွက်ယောက်၊ မျက်နှာသုတ်ပဝါ၊ အိပ်ယာခင်း၊ ခေါင်း အုံးစွပ်စသည်များ) သီးသန့်ထားရှိပါ။

၇) အိမ်သားများနှင့်အတူ ရောနှော နေထိုင်ခြင်းမပြုဘဲ တစ်ဦးနှင့် တစ်ဦး ၂ မီတာ (၆ ပေခန့်) အကွာတွင် နေထိုင်ပါ။ အိမ်မှာဧည့်သည် လုံးဝ လက်မခံပါ နှင့်။ မိတ်ဆွေများနှင့် မိုဘိုင်းဖုန်း(သို့) အွန်လိုင်းကနေ တစ်ဆင့်သာ ဆက်သွယ် ပြောဆိုပါ။

၈) ကိုယ့်မိသားစု (သို့မဟုတ်) အခြားသူများနှင့် နီးကပ်နေထိုင်ပြောဆိုတာမျိုး လုံးဝရှောင်ကြဉ်ပါ။ မဖြစ်မနေ ပြောဆိုရပါက ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်းဖြင့် ပါးစပ်နှင့် နှာခေါင်းကို လုံခြုံအောင်ဖုံးအုပ်ပြီး ၆ ပေခန့်အကွာ မှ ပြောဆိုပါ။

၉) အိမ်ရှိ အများသုံးပစ္စည်းတစ်ခုကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း လက်ကို စနစ်တကျဆေးကြောပါ။ အကယ်၍ ဆပ်ပြာနှင့် ရေမရနိုင်ပါက အနည်းဆုံး အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်း ပါဝင်သော ရေမလို လက်သန့်စင်ဆေးရည်ကို အသုံးပြုပါ။

၁၀) နှာချေ၊ ချောင်းဆိုးသည့် အခါတိုင်းတစ်ခါသုံး တစ်ရှူးကို အသုံးပြုပါ။ အသုံးပြုပြီးသော တစ်ရှူး၊ ပါးစပ်နှင့် နှာခေါင်းစည်းကို အဖုံးပါသော အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ပါ။ ပြီးလျှင် စနစ်တကျ လက်ပြန်ဆေး ပါ။

၁၁) ဖျားတာ၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးတာ၊ ချောင်းဆိုးတာ၊ အသက်ရှူရခက်ခဲတာ စတဲ့ လက္ခဏာတွေ ခံစားလာရရင် ခွဲစိတ်ခန်းသုံးပါးစပ်နှင့် နှာခေါင်းစည်းတပ်ပါ။

၁၂) လူစုလူဝေးရှိတဲ့နေရာများသို့ လုံးဝ(လုံးဝ)သွားရောက်ခြင်း မပြုရပါ။ ဒီအချက်က အလွန်အရေးကြီးပါ၍ လုံးဝသတိပြု ရှောင်ကြဉ်ပါ။

ရင်းမြစ်- ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန