စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်သာရောင်းရန် ပြန်သတ်မှတ်

0
251
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းအတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်ရောင်းချမှုကို ပိတ်ပင်ကာ ပါဆယ်သာရောင်းချရန် အစိုးရက ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်တက်နေချိန်တွင် ကူးစက်မှုထိန်း ချုပ်နိုင်ရန် ယင်းကဲ့သို့ ကန့်သတ်ရခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

၀န်ထမ်းများ ရုတ်တရက် အနံ့အရသာပျောက်ဆုံးပြီး ကိုဗစ်သံသယရှိက အကြောင်းကြားပါ

တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စက်တင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ ၁၈ ရက်နေ့အထိ တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကူးစက် ခံရသူ ၁၂ ဦးရှိကြောင်း တိုင်းကိုဗစ်ကော်မတီထံမှ သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်သည့် မကြာမီရက်ပိုင်းအတွင်း တရားဝင်အမိန့် ထုတ်ပြန်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

မြိတ်မြို့ရှိ စားသောက်ဆိုင်အားလည်း ဆိုင်အတွင်း တည်ခင်းရောင်းချခြင်း မပြုလုပ်ရန် စက်တင်ဘာလ ၁၈ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသန္တရ အမိန့်ဖြင့် တားမြစ်လိုက်ပြီ ဖြစ်သည်။

ယခုထုတ်ပြန်သည့်အမိန့်တွင် အမိန့်ထုတ်ပြန်သည့်နေ့မှစပြီး မည်သည့်အချိန်အထိ အတည်ဖြစ်ကြောင်းကို ရေးသားဖော်ပြထားခြင်းမရှိပေ။

Dawei Watch