ပြည်တွင်းလေကြောင်းလိုင်းများ အားလုံး စက်တင်ဘာလကုန်ထိ ယာယီရပ်ဆိုင်း

0
480

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ရန် ပြည်တွင်း လေကြောင်း လိုင်းများအားလုံး ပျံသန်းပြေးဆွဲမှုအား စက်တင်ဘာလ ၉ ရက်နေ့မှ လကုန်အထိ ယာယီရပ်ဆိုင်းထားရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားလိုက်သည်။

ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်း ကူးစက်မှုအဖြစ် တိုင်းနှင့် ပြည်နယ်များသို့ ပျံ့နှံ့လာသဖြင့် ယင်းသို့ ရပ်ဆိုင်းထားရန် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ဖုန်းဆင်းကတ်များ ကြိုတင်မှတ်ပုံတင်ပြီး ရောင်းချပါက အရေးယူမည်

ပြည်တွင်း လေကြောင်းလိုင်းများ အားလုံး ပျံသန်းပြေးဆွဲမှုကို စက်တင်ဘာလ ၁၁ ရက်မှ စတင်ကာ ယာယီရပ်ဆိုင်း ထားသည်ဟု ပြည်တွင်းလေကြောင်း လိုင်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ် ဒုတိယလှိုင်းဖြစ်ပွားသည့် အချိန်မှ စ၍ တနင်္သာရီတိုင်းတွင်းရှိ ပြည်တွင်းလေကြောင်းများတွင် ခရီးသည် သုံးပုံ တစ်ပုံခန့် လျော့နည်းသွားသည်ဟု ထားဝယ်မြို့မှ လေယာဉ်လက်မှတ်ရောင်းနေသည့် ကိုယ်စားလှယ် မအိအိဆွေက ပြောသည်။

ယင်းကြောင့် လေယာဉ်လက်မှတ်များကို ဈေးနှုန်းကိုလည်း လျှော့ချပေးခဲ့သည်။

“တော်တော်များများက မသွားကြ တော့ဘူး။ လေကြောင်းလိုင်းလည်း ပိတ်ခိုင်းထားတယ်လို့ပြောတယ်” မအိအိဆွေက ဆိုသည်။

ထားဝယ်ဈေးများတွင် ကိုဗစ်ကာကွယ်ရေးလုပ်ဆောင်ရန် စေတနာ့ဝန်ထမ်းခေါ်

လေယာဉ်ခရီးစဉ် ရပ်နားလိုက်သဖြင့် ကြိုတင်လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များကို အရောင်းကိုယ်စား လှယ်များက ငွေအပြည့်ပြန်အမ်းပေးပြီး ခရီးစဉ်ရက်ရွှေ့လိုသူများကို မိမိသွားလိုသည့် ရက်သို့ ရွှေ့ပေးသည်ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းတွင် AIR KBZ၊ Golden Myanmar Airline နှင့် မြန်မာအမျိုးသားလေကြောင်းလိုင်း သုံးခု ပြေးဆွဲ လျက်ရှိသည်။

မိုးမြင့်