ထားဝယ်ဈေးများတွင် ကိုဗစ်ကာကွယ်ရေးလုပ်ဆောင်ရန် စေတနာ့ဝန်ထမ်းခေါ်

0
425
Mask
နှာခေါင်းပိတ်မတပ်က ထိထိရောက်ရောက် အရေးယူတော့မည်ဟုဆို

ထားဝယ်ဈေးကြီးနှင့် ကမ်းနားဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ဆောင်ရန်အတွက် ပါဝင်လိုသည့် စေတနာ့ဝန်ထမ်းများကို ခေါ်ယူလျက်ရှိကြောင်း Clean Dawei အလုပ်အမှုဆောင်အဖွဲ့မှ ဦးအောင်ကိုက ပြော သည်။

ဈေးအတွင်းသို့ လာသူများအား Mask (ပါးစပ်နှာခေါင်းစည်း) တပ်ပြီးမှဝင်ရန် တိုင်းအစိုးရက ထုတ်ပြန်ကြေညာ ထားပြီး စည်ပင်သာယာရေးအဖွဲ့အနေနှင့်လည်း ဈေးများကို ကြပ်မတ်ရန် ညွှန်ကြားထားသဖြင့် ယင်းလုပ်ငန်းများကို ကူညီရန်အတွက် စေတနာ့ဝန်ထမ်းများကို ခေါ်ယူခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လောင်းကစားမှုဖြင့် တရားစွဲခံရသည့် KTV ပိုင်ရှင်အား ထောင်ဒဏ် တစ်နှစ်ခွဲချ

နံနက် ၆ နာရီခွဲမှ ၉ နာရီအထိ ထားဝယ် စည်ပင်သာယာဈေးကြီးနှင့် ကမ်းနားဈေးဝင်ပေါက် ထွက်ပေါက်များတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

“ကျွန်တော်တို့က ဈေးသူ ဈေးသားတွေကို Mask တပ်ပြီးမှ ဝင်ဖို့အတွက် အပေါက်ဝကနေပြီး Request (ပန်ကြား ခြင်း)လုပ်မယ်ပေါ့” ဟု ဦးအောင်ကိုက ဆိုသည်။

လက်ရှိတွင် စေတနာ့ ဝန်ထမ်းပြုလုပ်ရန် စာရင်းပေးထားသူ ၁၅ ဦးခန့်ရှိပြီး စက်တင်ဘာလ တတိယအပတ်မှစ၍ Mask (ပါးစပ်နှာခေါင်းစည်း) တပ်ပြီးမှသာ ဈေးအတွင်း ဝင်ရောက်ရန် နှိုးဆော်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် ပွားမှုကို ကာကွယ်ရန်အတွက် အပြင်ထွက်တိုင်း Mask (ပါးစပ်နှာခေါင်းစည်း)တပ်ရန်နှင့် ပျက်ကွက်ပါက အရေးယူ မည်ဟု တနင်္သာရီတိုင်းဒေသကြီး ကိုဗစ် -၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ကြေညာထားသည်။

မိုးမြင့်