ဖုန်းဆင်းကတ်များ ကြိုတင်မှတ်ပုံတင်ပြီး ရောင်းချပါက အရေးယူမည်

0
291

ဖုန်းဆင်းကတ် (SIM Card)) များကို ကြိုတင်မှတ်ပုံတင်ကာ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် လိုက်သည်။

ဆင်းကတ်အရောင်း ကိုယ်စားလှယ်အချို့နှင့် အရောင်းဆိုင်အချို့တွင် သက်သေခံလက်မှတ်ပါ အချက်အလက် များကို ပြင်ဆင်၍ ကြိုတင်မှတ်ပုံတင်ရောင်းချနေသည်ကို တွေ့ရပြီး ယင်းသည် စာတမ်းအမှတ်အသား လိမ်လည် အတုပြုလုပ်ခြင်းဖြစ်၍ တည်ဆဲဥပဒေအရ ပြစ်မှုမြောက်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထားဝယ်ဈေးများတွင် ကိုဗစ်ကာကွယ်ရေးလုပ်ဆောင်ရန် စေတနာ့ဝန်ထမ်းခေါ်

ကြိုတင်မှတ်ပုံတင်ထားသည့် ကတ်များမှာ ပိတ်သိမ်းခံရမည့် ကတ်များဖြစ်သည့်အတွက် မိမိတို့၏ ဖြည့်သွင်းငွေ များ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် ဝယ်ယူသုံးစွဲခြင်း မပြုကြရန် ဆက်သွယ်ရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထား သည်။

ယင်းအပြင် အ‌ရောင်းကိုယ်စားလှယ်များနှင့် အရောင်းဆိုင်များအနေဖြင့် သက်သေခံလက်မှတ်ပါ အချက်အလက်များကို ပြင်ဆင်၍ ကြိုတင်မှတ်ပုံတင်ရောင်းချခြင်းမပြုကြရန်နှင့် ဝယ်ယူသူ၏ သက်သေခံလက်မှတ်(မူရင်း)ဖြင့်သာ မှတ်ပုံတင်၍ ရောင်းချကြရန် အသိပေးနှိုး ဆော်ထားသည်။

မိုးမြင့်