စက်ရုံ၊ အလုပ်ရုံများကို ရှောင်တခင် စစ်ဆေးမည်

0
388

ကိုဗစ်-၁၉ စည်းကမ်းချက်လိုက်နာမှုရှိ မရှိ သိရှိနိုင်ရန်အတွက် တိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေး ရေးဦးစီးဌာနထံမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းညွှန်ချက်များအား စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် လိုက်နာမှုဆောင်ရွက်မှု ရှိမရှိကို သက်ဆိုင်ရာမြို့နယ်စစ် ဆေးကြီးကြပ်ရေးကော်မတီမှ ရှောင်တခင် စစ်ဆေးမည်ဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီစိန်က ပြောသည်။

ရန်ကုန်ကိုဗစ်လူနာနှင့် တစ်အိမ်တည်းနေခဲ့သည့် ထားဝယ်မြို့နေ မိသားစုဝင်သုံးဦးကို စောင့်ကြည့်စခန်းပို့

ရှောင်တခင်စစ်ဆေးခြင်းကို စက်တင်ဘာလ ပထမအပတ်တွင် စတင်မည်ဖြစ်ပြီး လိုအပ်ချက်များကို ပြန်ပြင် ခိုင်းမည်ဟု ၎င်းက ပြောသည်။

ယင်းအပြင် ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များကို မလိုက်နာသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို တိုင်ကြားမှုများရှိပါက စစ်ဆေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်ခရိုင်တွင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၄၈၂ ရုံ၊ မြိတ်ခရိုင်တွင် ၅၅၇ ရုံ၊ ကော့သောင်းခရိုင်တွင် ၁၉၅ ရုံရှိသည်ဟု အထက်ပါဌာန၏ စာရင်းများအရ သိရသည်။

ကိုဗစ်ထောက်ပံ့ငွေ အလွဲသုံးသည်ဟု တိုင်ခံရသည့်အုပ်ချုပ်ရေးမှူးကိစ္စ တိုင်းအစိုးရထံ ဆက်တင်မည်

စက်တင်ဘာ ၅ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁၂၀ဝ ကျော်သွားပြီ ဖြစ်သည်။

မိုးမြင့်