ကိုဗစ်ထောက်ပံ့ငွေ အလွဲသုံးသည်ဟု တိုင်ခံရသည့်အုပ်ချုပ်ရေးမှူးကိစ္စ တိုင်းအစိုးရထံ ဆက်တင်မည်

0
322

အစိုးရက ထောက်ပံ့သည့် ကိုဗစ်ထောက်ပံ့ငွေကို အလွဲသုံးသည်ဟုဆိုကာ တိုင်ကြားခံထားရသည့် လောင်းလုံးမြို့နယ်ရှိ တီဇစ်ကျေးရွာအုပ်ချုပ်ရေးမှူး ကိစ္စကို စုံစမ်းစစ်ဆေးပြီးဖြစ်သည့်အတွက် တိုင်းအစိုးရထံ ထပ်မံတင်ပြမည် ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေး မှူး ဦးအောင်စိုးမိုးက ပြောကြားသည်။

ယင်းအမှုမှာ တီဇစ်ကျေးရွာနေသူများက လက်မှတ်ထိုး တိုင်ကြားထားခြင်း ဖြစ်သည်။

COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ

ထိုသို့ တိုင်ကြားထားမှုအပေါ် ခရိုင်အုပ်ချုပ်ရေးမှူးက လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးကို အဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးခိုင်းသည့်အတွက် စစ်ဆေးပြီး သြဂုတ်လ ၂၇ ရက်နေ့တွင် ပြန်လည် တင်ပြလိုက်ပြီးဖြစ်သည်။

စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးပေါ် ပေါက်ချက်၊ သုံးသပ်အကြံပြုချက်များကိုမူ ထုတ်ဖော်ပြောဆို၍မရကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။

“တိုင်းအစိုးရအဖွဲ့ကို တင်ဦးမှာပေါ့နော်။ လက်ရှိအချိန်ကတော့ ပြောလို့မရ သေးဘူး” ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လာမည့်အပတ်တွင် တိုင်းအစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။

ကိုဗစ်ထောက်ပံ့ငွေနှင့် အခြားငွေကြေးကိစ္စများအပါအဝင် အကြောင်းအရာ ခုနစ်ခုနှင့် ပတ်သက်၍ တိုင်ကြားထားခြင်း ဖြစ်သည်။

Dawei Watch