ကိုဗစ်ကာလ ကျောင်းပိတ်ထားသော်လည်း ဆရာ၊ ဆရာမများ ရွေးကောက်ပွဲကိစ္စ ကူရမည်

0
1089

အခြေခံကျောင်းမျာအားလုံးကို သြဂုတ်လ ၂၇ ရက်မှစပြီး ပိတ်လိုက်ပြီ ဖြစ်သော်လည်း ဆရာ၊ ဆရာမများ အနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်မှ အကူအညီတောင်းသည်ရှိသော် မဲစာရင်းအချက်အလက် မှန်ကန်ရေးကိစ္စများကို ကူညီရမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးက ညွှန်ကြားထားသည်။

မဲဆန္ဒရှင်များ၏ အမည်၊ နေရပ် လိပ်စာ၊ မွေးသက္ကရာဇ်၊ စားလုံးပေါင်း သတ်ပုံမှန်ကန်ရေး၊ ကွန်ပျူတာအတွင်း စာရင်းသွင်းခြင်း စသည့်ကိစ္စရပ်များကို ဆရာ၊ ဆရာမများက ကူညီပေးရမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောသည်။

အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ

“အဓိကကတော့ မဲဆန္ဒရှင်တွေက နေပြီးလာပြီးတော့ ကန့်ကွက်၊ ပြင်ဆင် တာတွေကို ဝိုင်းကူပေးရမှာပေါ့” ဟု ၎င်းက ဆိုသည်။

တိုင်းပညာရေးမှူးရုံးသည် ရွေးကောက်ပွဲတွင် မဲရုံဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ရမည့် ဆရာ၊ ဆရာမများ စာရင်းကိုလည်း သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးများကို ကြိုတင်ပြုစုခိုင်ထား ပြီးဖြစ်သည်။ ယင်းမဲရုံဝန်ထမ်း ဆရာ၊ ဆရာမများသည် ခိုင်လုံမဲ၊ ပယ်မဲစသည့် မဲရုံတာဝန်ထမ်းဆောင်ရေး ကိစ္စများအတွက် သင်တန်းတက်ရမည်ဖြစ်သည်။ သင်တန်းရက်ကိုမူ မသတ်မှတ်ရသေးပေ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ဆရာ၊ ဆရာမများအပါအဝင် အစိုးရဝန်ထမ်းများအားလုံးကို သြဂုတ်လ ၂၇ ရက်နောက်ပိုင်း မလိုအပ်ဘဲ ခရီးသွားလာခြင်းကို ခွင့်မပြုတော့ပေ။ တာဝန်အရဖြစ်စေ၊ လူမှုရေးကိစ္စအရဖြစ်စေ ခရီးသွားရန် လိုအပ်ပါက သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနက ထုတ်ပေးသည့် ခရီးသွားလာခွင့် လက်မှတ်ဖြင့်သာ သွားလာရတော့မည်ဖြစ်သည်။

ကိုဗစ်ဒုတိယလှိုင်း တော်လှန်ရေး

ယင်းသတ်မှတ်ချက်သည် တိုင်း ခြားခရီးသွားလာခြင်းမျိုးသာဖြစ်ပြီး တိုင်းအတွင်း ကပ်လျက်မြို့နယ်အချင်း ချင်း သွားလာခြင်းမပါဝင်ကြောင်း တိုင်းပညာရေးမှူးရုံးမှ လက်ထောင်ညွန်ကြားရေးမှူး ဦးအောင်စိုးက ပြောသည်။

“ဥပမာ လောင်းလုံးမှာ တာဝန်ကျနေတဲ့ ထားဝယ်ကဆရာမက သူ့အိမ်ခဏ ပြန်လာရင် ရတယ်။ တချို့မြို့နယ်ပညာရေးမှူးက အဲဒါကို နားလည်မှု လွဲနေတာတွေ ရှိတယ်” ဟု ဦးအောင်စိုးက ရှင်းပြသည်။

ဆရာ၊ ဆရာမများသည် ပညာရေး သင်ကြားရေးအပြင် နိုင်ငံတော်မှ ပေးအပ်လာသည့် အခြားတာဝန်တစ်ခုခုကိုလည်း ထမ်းဆောင်ရမည်တာဝန်ရှိသဖြင့် ရွေးကောက်ပွဲကိစ္စကူညီပေးရသည့်အပေါ် လက်ခံနိုင်ကြောင်း ထားဝယ်မြို့နယ်ရှိ မူလတန်းပြ ဆရာတစ်ဦးက ပြောသည်။

ကျော်သူစိုး