လောင်းလုံး- ရှင်မော် ပျက်၊ ဖာ လမ်းပိုင်းအချို့ လာမည့်နှစ် ပြင်မည်

0
439

ပျက်လိုက်၊ ဖာလိုက်ဖြင့် စခန်းသွားနေသည့် လောင်းလုံး- ရှင်မော်သွား လမ်းပိုင်းနေရာအချို့ကို လာမည့်နှစ်တွင် ၁၈ ပေလမ်းအဖြင့် အဆင့်မြှင်တင်ပြင် ဆင်သွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် လမ်းဦးစီးဌာနထံမှ သိရသည်။

ထားဝယ်- ရှင်မော်လမ်းသည် ထားဝယ်မှ ရဘဲကျေးရွာအထိ လမ်း ကောင်းမွန်နေပြီး ရဘဲကျေးရွာအလွန်မှ ကျောင်နီမော်ကျေးရွာအထိတွင် လမ်းတလျှောက်၌ ချိုင့်ခွက်များနေရာ အတော်တော်များများတွင်ရှိနေပြီး အချို့နေရာများတွင် ကတ္တရာလမ်းနှုတ်ခမ်းများ ပဲ့ကျ နေသည်ကိုတွေ့ရသည်။

ကိုယ်ဝန်ဆောင် ထောက်ပံ့ကြေး အွန်လိုင်းမှ လျှောက်နိုင်

ကျောက်နီမော်ကျေးရွာအလွန်တွင် လမ်းပြန်ကောင်းသွားပြီး ကြက်လွှတ်ရွာ အနီးတစ်ဝိုက်တွင် လမ်းပြန်ဆိုးနေပြန် သည်။

ပျက်နေသော အဆိုပါလမ်းများကို မြို့နယ်လမ်းဦးစီးဌာနမှ လာရောက်ဖာ ထေးပေးနေသော်လည်း ကြာကြာမခံဘဲ ပျက်စီးသွားလေ့ရှိကြောင်း ဇလွတ်ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးအောင်သူဦး က ပြောသည်။

“လမ်းက ပျက်လိုက်၊ ဖာလိုက်ဖြစ် နေတယ်။ မိုးတွင်းဆိုတော့ ဖာထားလည်း သိပ်မခံဘူးလေ” ဟု ဦးအောင်သူဦးက ပြောသည်။

ယင်းကဲ့သို့ ပျက်လိုက်၊ ဖာလိုက် လုပ်နေသည်မှာ သုံးနှစ်ဝန်းကျင်ရှိပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

လောင်းလုံးမြို့နယ်လမ်းဦးစီးဌာန အင်ဂျင်နီယာ ဦးအောင်မင်းထွန်းကမူ ထားဝယ်-ရှင်မော် လမ်းတလျှောက်ကို အဆင့်မြှင်တင်ရန်ရှိပြီး နှစ်အလိုက်ရန် ပုံငွေရရှိမှုအပေါ်မူတည်ပြီး ပြင်ဆင်ပေးနေကြောင်း ပြောဆိုသည်။

ထားဝယ်ဆေးရုံကြီးဝင်းရှိ အောက်ဆီဂျင်အဆောက်အအုံ အလှူရှင်လိုအပ်

လာမည့်ဘဏ္ဍာနှစ်တွင် ရဘဲကျေးရွာအလွန်မှ ကျောက်နီမော်ကျေးရွာအထိ အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒေသခံအချို့ကမူ သွားရေး၊ လာရေး အခက်အခဲမရှိစေရန် အမြန်ဆုံး ပြင်ဆင်ပေးစေလိုကြောင်း ဖွင့်ဟကြသည်။

ကျော်သူစိုး