ဈေးကွက်ထဲမှာ ရှားပါးနေဆဲဖြစ်တဲ့ ဗိုလ်ချုပ်ရုပ်ပုံပါ ပိုက်ဆံ

0
354

ဗိုလ်ချုပ်ရုပ်ပုံပါတဲ့ ငွေစက္ကူတွေ ထုတ်ဝေခဲ့တာ အခုဆို နှစ်ကြိမ်ရှိပါပြီ။ ဈေးကွက်ထဲမှာတော့ တွင်တွင်ကျယ်ကျယ် သုံးနေတာမျိုး မတွေ့ရပါဘူး။ ထားဝယ်မှာလည်းပဲ ဗိုလ်ချုပ်ရုပ်ပုံပါ ပိုက်ဆံကို အသုံးမပြုတာဟာ ဘာကြောင့်ပါလဲ။
ဗိုလ်ချုပ်ရုပ်ပါ ငွေစက္ကူတွေဟာ ၁၉၈၅ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉ ၈၇ ခုနှစ်မှာ တစ်ကြိမ် ဖျက်သိမ်းခံခဲ့ရပါတယ်။
အဲဒီနောက် ခြင်္သေ့နဲ့ ဆင်ပုံပါတဲ့ ငွေစက္ကူတွေကို ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး နှစ်သုံးဆယ်အကြာမှာတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ တစ်ထောင်ကျပ်တန်ကို ပြန်လည်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။