လူငယ်ခြောက်ဦးက ဓားဖြင့် ဝင်ခုတ်

0
302

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် ရေတွင်းကြီးလမ်းဆုံရှိ မိုးမလင်းဆိုင် တစ်ဆိုင်ကို အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်ခြောက်ဦးက သြဂုတ်လ ၁ ရက် ညဆယ်နာရီခွဲဝန်းကျင်တွင် ဓားအရှည်၊ သံတုတ်တို့ဖြင့် အကြောင်းမဲ့ဝင်လာကြောင်း ဆိုင်ပိုင်ရှင် ဦးအောင်အောင်က ပြောသည်။

လူခြောက်ဦးက ဆိုင်ကယ်နှစ်စီးဖြင့် ဆိုင်ရှေ့ရုတ်တရက်ဆိုင်ရှေ့လာရပ်ပြီး ဆိုင်အတွင်းရှိ ဘောလုံးပွဲကြည့်ရန် စောင့်နေသူများကို ဝင်ခုတ်ခြင်းဖြစ်ကြောင်း ဦးအောင်အောင်က ပြော သည်။

ဓားကိုင်ဝင်လာသည်ကို ကြိုမြင်လိုက်သဖြင့် ဆိုင်အတွင်းလူများအားလုံး ထွက်ပြေးသွားသဖြင့် လူထိခိုက်မှုမရှိသော်လည်း ဆိုင်ရှေ့ရပ်ထားသည့် ဆိုင်ကယ်များကို ဓားဖြင့်ခုတ်ပြီး ဖျက်ဆီးသွားခဲ့ကြောင်း ၎င်းက ပြောသည်။

“အကြောင်းမဲ့ဝင်ရိုက်သွားတာ။ ဘာမှရန်ညိုးရန်စလည်းမရှိဘူး” ဟု ဆိုင်ပိုင်ရှင် ဦးအောင်အောင်က ဆိုသည်။

ယင်းဖြစ်စဉ်အား ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် ရဲတပ်ဖွဲ့ထံ ချက်ချင်းအကြောင်းကြားခဲ့သော်လည်း ည ၁၂ နာရီအချိန်အထိ မည်သူမျှလာရောက် စစ်ဆေးမေးမြန်းခြင်းမရှိကြောင်း ဦးအောင်အောင်က ပြောသည်။