မွန်ပါတီတွင် ကိုယ်စားလှယ်လောင်း လျှောက်ထားမှု အမျိုးသမီး အလွန်နည်း

0
351

မွန်ညီညွတ်ရေးပါတီတွင် ကိုယ်စားလှယ်လောင်း လျှောက်လာသည့်စာရင်းတွင် အမျိုးသမီးအရေအတွက် အလွန်နည်းသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောကြားသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မွန်ညီညွတ်ရေးပါတီကိုယ်စားပြု လျှောက်လာသည့် ကိုယ်စားလှယ်လောင်း ၈၀ ကျော်အနက် အမျိုးသမီး ၁၀ ဦးခန့်သာ ပါဝင်လာသည်ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ကတော့ ဖိတ်ခေါ် ထားတာပဲလေ။ အရည်အချင်းတူရင် အမျိုးသမီးကို ဦးစားပေးမယ်ဆိုတာ” ဟု နိုင်စံတင်က ပြောသည်။

မွန်ရှိ တိုင်းရင်းသားလူမျိုးများအကြောင်း သင်ကြားမည်

မွန်ညီညွတ်ရေးပါတီအနေနှင့် ပါတီတွင်း အမျိုးသမီးပါဝင်မှုကို အကန့်အသတ်မရှိ လမ်းဖွင့်ပေးထားသည့်အပြင် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အမျိုးသမီးကို ဦးစားပေးမည်ဆိုသည့် မူဝါဒ ချမှတ်ထားသည်။

မြို့နယ်အဆင့်တွင် ကိုယ်စားလှယ်လောင်း လျှောက်ထားသည့်အနက် အမျိုးသမီးပါဝင်မှု ၂၅ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်းအကြားတွင် ရှိနေသည်ဟု မွန်ညီညွတ်ရေးပါတီ အမျိုးသမီးရေးရာမှူး မိလဝီဟန်က ပြောသည်။

“ရွေးချယ်တာက နှစ်ဆင့်ရှိတယ်။ မြို့နယ်အဆင့် ရွေးတယ်။ ပြီးတော့ ဗဟိုအဆင့် ရွေးမယ်။ ဗဟိုအဆင့်ရောက်သွားရင် ဘယ်လောက်ကျန်မလဲဆိုတာကတော့ မသိသေးဘူး” ဟု ၎င်းက ပြောသည်။

မွန်ညီညွတ်ရေးပါတီကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစုတို့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်က ဖွဲ့စည်းခဲ့သည်။