ဗီဇာသက်တမ်း ကုန်ဆုံးပြီး ဘယ်လအထိ ထိုင်းမှာနေထိုင်ခွင့် ပေးထားလဲ

0
700

Covid-19 ကာလအတွင်း ထိုင်းမှာ ဆက်လက်ပြီး အလုပ်လုပ်ကိုင်နိုင်ရန်နှင့် နေထိုင်ခွင့်သက်တမ်း သတ်မှတ် ဖြေလျှော့မှုများနဲ့ ပတ်သက်ပြီး ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမြန်မာအလုပ်သမားသံအရာရှိရုံးများကို ကိုးကားရေးသားထားပါတယ်။

၄ နှစ်ပြည့် MoU
(MoU စနစ်ဖြင့် ၄ နှစ်ပြည့် ဝင်ရောက် အလုပ်လုပ်ကိုင်သူ)
၂၀၂၀ ပြည့်နှစ် မတ်လ ၂၆ ရက်ကစပြီး ဗီဇာသက်တမ်းကုန်တဲ့ အလုပ်သမားတွေအနေနဲ့
ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၀ ခုနှစ်အထိ တရားဝင်နေထိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ နေထိုင်ခွင့်ရက် မကုန်ဆုံးမီ ၁၅ ရက်အတွင်း သက်တမ်းတိုးတာတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံပြင်ပရောက်သူတွေ အဲဒီအချိန်ကို အချိန်မီပြန်လာဖို့ လိုပါမယ်။

ထိုင်းနိုင်ငံအတွင်း အထူး MoU
(နိုင်ငံသား စိစစ်ခြင်းနှင့် နာမည်စာရင်း စိစစ်ပြီးသူများ )
၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့မှာ ဗီဇာသက်တမ်းကုန်တဲ့ အလုပ်သမားများ အမည်စာရင်းတင်သွင်းပြီးသူများ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၃၀ ရက်နေ့ အထိ တရားဝင်နေထိုင်ခွင့် ရရှိမှာပါ။ တင်သွင်းထားတဲ့ စာရွက်စာတမ်းအဆင့်ဆင့်ကို ဆက်လက်ပြီး လုပ်ဆောင်ရပါမယ်။

နယ်စပ်အလုပ်သမားများ
(Border Pass နယ်စပ်ကူး လက်မှတ်ဖြင့် ဝင်ရောက် အလုပ်လုပ်ကိုင်သူ)
၂၀၂၀ ပြည့်နှစ် မတ်လ ၂၆ ရက်က စပြီး ဗီဇာသက်တမ်းကုန်တဲ့ အလုပ်သမားများ ဇူလိုင် ၃၁ ရက်အထိ တရားဝင်နေထိုင်ခွင့်ရမှာပါ။ ဒါမှမဟုတ် နယ်စပ်တံတား ပြန်လည် ဖွင့်လှစ်တဲ့ရက်မှစပြီး ၇ ရက် အတွင်း ပြန်လည်ထွက်ခွာရပါမယ်။

ဗီဇာအမျိုးအစား အားလုံး၊ ဗီဇာအမျိုးအစားများ
၂၀၂၀ ပြည့်နှစ် မတ်လ ၂၆ ရက်နေ့က စပြီး ဗီဇာသက်တမ်းကုန်တဲ့ အလုပ်သမားများဟာ ဇူလိုင် ၃၁ ရက်နေ့အထိ တရားဝင်နေထိုင်ခွင့်ရရှိပြီး သတ်မှတ်ထားတဲ့ရက် ကုန်ဆုံးတဲ့ နောက်ပိုင်း ဗီဇာ သက်တမ်းတိုးရပါမယ်။ ဒါမှမဟုတ် ထိုင်းနိုင်ငံသို့ ထွက်ခွာရပါမယ်။

မတ်လ ၂၆ ရက်၊ ၂၀၂၀ ခုနှစ်က စပြီး ရက် ၉၀ တိုင်ကြားဖို့ ကျန်နေတဲ့ အလုပ်သမားများ ဇူလိုင် ၃၀ ရက်အထိ တိုင်ကြားဖို့မလိုဘဲ သတ်မှတ်ရက် ဖြေလျှော့ထားပါတယ်။

လိုအပ်ပါက အောက်ပါအလုပ်သမား သံအရာရှိရုံးများသို့ ဆက်သွယ်နိုင်ပါသည်။
ဝ၆၅၂၂၀၆၉ ၅၂ (ဘန်ကောက်) ၊ ဝ၆၅၂၂၀၆၉ ၅၁ (ရနောင်း)
ဝ၆၅၂၂၀၆၉ ၅၃ (မဲဆောက်) ၊ ဝ၉ ၉ ဝ၅၉ ၂၃၅၂ (ချင်းမိုင်)