မြိတ်တွင် နှာခေါင်းစည်း မတပ်၍ အရေးယူမှု နှစ်ရာကျော်

0
287

မြိတ်တွင် မေလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ လေးရက်အတွင်း နှာခေါင်းစည်း မတပ်၍ အရေးယူခံရသူ ဦးရေ ၂၀၀ ကျော်ပြီ ဖြစ်ကြောင်း ကရုဏာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုးဦးထံမှ သိရသည်။

ကရုဏာ နာရေးကူညီမှုအသင်းနှင့် နယ်မြေအုပ်ချုပ်ရေးမှူးရုံးအဖွဲ့၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြိတ်တောင်နယ်မြေ အောင်ဆန်းလမ်းမကြီးတွင် လမ်းသွားလာသူများနှင့် ယာဉ်မောင်းနှင် သွားလာသူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိသည်။

အဆိုပါ အရေးယူခံရသူဦးရေ ၂၀၀ ကျော်သည် အောင်ဆန်းလမ်းမကြီး နေရာရာ တစ်နေရာတည်းတွင် စစ်ဆေးချိန် အရေးယူခံရသူများ ဖြစ်သည်။

နှာခေါင်းစည်းမတပ်ထားသူများ ကို ငွေကျပ်ငါးထောင်နှင့် ညီမျှသည့် နှာခေါင်းစည်း ဆယ်ခု ဝယ်ယူစေကြောင်း ကရုဏာ နာရေးကူညီမှုအသင်းမှ သိရသည်။

မြင့်မိုရ်(မြိတ်)