မြိတ်ရှိ စောင့်ကြည့်ရေးစခန်းများတွင် တေးဂီတဖြင့် လိုက်လံဖျော်ဖြေ

0
2842

ကိုရိုနာရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရေး မြိတ်မြို့တွင် စခန်းသွင်း စောင့်ကြည့်ခံထားရသော ပြည်တော်ပြန်များအား တေးဂီတဖြင့် လိုက်လံဖျော်ဖြေနေကြောင်း သိရသည်။

မြိတ်မြို့ရှိ အပျော်တမ်းတေးဝိုင်းများဖြစ်ကြသည့် G 2 Music အဖွဲ့၊ Golden Hill တေးဂီတအဖွဲ့ နှင့် လုပ်ငန်းရှင်တစ်ဦးတို့ ဦးဆောင်ကာ ယင်းစခန်းများသို့ ည ၇ နာရီမှ ည ၁၀ နာရီအထိ တေးဂီတများ သီဆိုကာ လိုက်လံဖျော်ဖြေ နေခြင်းဖြစ်သည်။

“အားငယ်နေသူတွေကို ကိုယ်ချင်းစာတဲ့စိတ်နဲ့ လာရောက်ဖျော်ဖြေနေတာပါ”ဟု တီးဝိုင်းခေါင်းဆောင် တစ်ဦးကပြောသည်။

မြိတ်မြို့နယ်အတွင်း အေးရိပ်ချောင်ဘုန်းတော်ကြီးကျောင်း၊ မြိတ်တက္ကသိုလ်၊ ကျောက်ဖျာကျေးရွာနှင့် မဇောကျေးရွာတို့တွင် စောင့်ကြည့်ရေးစခန်းများရှိပြီး ယင်းအဖွဲ့အနေဖြင့် အေးရိပ်ချောင်ဘုန်းတော်ကြီးကျောင်းတွင် နှစ်ညဆက်တိုက် ဖျော်ဖြေခဲ့ပြီးဖြစ်သည်။ ဧပြီလ ၉ ရက်နေ့ ညတွင် မြိတ်တက္ကသိုလ်စောင့်ကြည့်ရေးစခန်းတွင် ဖျော်ဖြေခဲ့ကြခြင်း ဖြစ်သည်။

ဓာတ်ပုံ_ကိုဆန်း