ကိုရိုနာ ဗိုင်းရပ်စ်ရှိသူတစ်ဦး ထပ်တွေ့

0
299

ကိုရိုနာဗိုင်းရပ်စ် ရှိသူတစ်ဦးကို ထပ်တွေ့ကြောင်း မတ်လ ၂၅ ရက် နံနက် ၁နာရီတွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနကသတင်း ထုတ်ပြန်သည်။

အင်္ဂလန်နိုင်ငံမှ မတ်လ ၂၁ ရက်က မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှတစ်ဆင့် လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အမျိုးသားနှင့် ထိတွေ့ခဲသူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် တွေ့ရှိသူ ၃ ဦး ရှိပြီ ဖြစ်သည်။