မောတောင်နယ်စပ်တွင် တောမီးရက်ဆက် လောင်ကျွမ်း

0
4159

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခု ဖြစ်သည့် မောတောင်နယ်စပ် (မော တောင်မြို့)တွင် မတ်လ ၈ ရက်နေ့ မှ စပြီး လောင်ကျွမ်းခဲ့သည့် တောမီးမှာ မတ်လ ၁၃ ရက်နေ့အထိ ရက်ဆက်လောင် ကျွမ်းနေဆဲဖြစ်ကြောင်း မောတောင် နယ်မြေ မီးသတ်စခန်းတာဝန်ခံ ဦးစည်သူ ထံမှ သိရသည်။


တောမီးမှာ တစ်ဆက်တည်း ကူး စက်လောင်ကျွမ်းခြင်း မဟုတ်ဘဲ နေရာ စုံမှ လောင်ကျွမ်းလာသည့် တောမီးများ ပေါင်းဆုံပြီး လောင်ကျွမ်း နေခြင်းဖြစ် ကြောင်း မောတောင်နယ်မြေ မီးသတ် စခန်းတာဝန်ခံ ဦးစည်သူက ပြောပြသည်။


“လက်လှမ်းမီသလောက် တော် တော်များများ မီးလိုင်းဖြတ်ထား ပြီးပါ ပြီ”ဟု ဦးစည်သူက ပြောသည်။


အဆိုပါ တောမီးလောင်ကျွမ်းရခြင်း မှာ ဥယျာဉ်ခြံတချို့ရှိ တောင်ယာမီးရှို့ ရာမှ ကျန်ခဲ့သည့် မီးပွား မီးစတို့မှ တခြားဥယျာဉ်ခြံအတွင်းသို့ ကူးစက် လောင်ကျွမ်းခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။


တောမီးလောင်ကျွမ်းသည့်နေရာမှာ တောင်စောက်များနှင့် လျှိုအတွင်း ကျရောက်နေပြီး လူသွားလမ်းမရှိ၊ မီးသတ်ယာဉ်များအဝင်အထွက် မပြု လုပ်နိုင်သဖြင့် လက်လှမ်းမီသည့် နေရာ တို့မှ မီးငြိမ်းသတ်နေရကြောင်း မောတောင် နယ်မြေ မီးသတ်စခန်းမှ သိရသည်။


မီးလောင်ကျွမ်းနေရာသို့ မောတောင် နယ်မြေမီးသတ်စခန်းမှ မီးတပ်တပ်ဖွဲ့ ဝင်များ၊ မီးငြိမ်းသတ်ယာဉ်များ၊ ပြည့်ဖြိုးထွန်းဆီအုန်းကုမ္ပဏီမှ မီးငြိမ်း သတ်ယာဉ်များ၊ တပ်မတော်သားများ နှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်း မီးငြိမ်းနေကြောင်း သိရသည်။


မောတောင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တောမီး လောင်ကျွမ်းခဲ့သဖြင့် နှစ်ရှည်ပင် အပါ အဝင် သီးနှံပင်ရေ တစ်ထောင်နီးပါးခန့် ဆုံးရှုံးခဲ့ပြီး၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ က မောတောင်နယ်စပ်ကုန်သွယ်ရေး စခန်းအနီးရှိ အမှိုက်ပုံးမီးမှတစ်ဆင့် ရော်ဘာခြံသို့ကူးစက်လောင်ကျွမ်းမှု ဖြစ်ခဲ့သည်။

မြင့်မိုရ်(မြိတ်)