ငါးလေလံဈေးဖွင့်သည့်အချိန် ဒေသငါးဈေးပါ စီစဉ်မည်

0
4085

အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး ဖွင့်သည့်အခါ ဒေသငါးဈေးပါ စီစဉ် မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး၏ အမှုဆောင်ဒါရိုက်တာ ဒေါ်ဌေးဌေးဝင်းက ပြောသည်။


ပြီးခဲ့သည့် အနှစ်နှစ်ဆယ် ဝန်း ကျင်အတွင်း ဈေး သုံးဈေးအပါအဝင် နေရာ ၅ ခုသို့ပြောင်းခဲ့ရသည့် မြိတ်မြို့မှ ပျံကျငါးဈေးသည်များသည် လက်ရှိတွင် မြိတ်မြို့၊ အင်းလေးမြိုင်ရပ်ကွက်ရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးအတွင်း တွင် ရောင်းချနေကြသည်။


ငါးဈေးမှ ထွက်သည့် အနံ့အသက် နှင့် အသံဆူညံမှုများကြောင့် ရပ်ကွက်နေ ပြည်သူများ၏ ကန့်ကွက်မှုကို အကြိမ် ကြိမ်ခံခဲ့ရပြီးနောက် ပျံကျငါးဈေးသည် များသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ကုန်ပိုင်းမှစပြီး ငါးလေလံ ဈေး နေရာသို့ ပြောင်းရွှေ့လာခဲ့ကြခြင်း ဖြစ်သည်။


ပြောင်းရွှေ့ခဲ့သည့် အဆိုပါနေရာ သည် အမိုးအကာ လုံခြုံပြီး ရောင်းဝယ်ရ အဆင်ပြေသည့်အတွက် အကြောင်း ကြောင်းကြောင့် အခြားတစ်နေရာကို ထပ်မံပြောင်းရွှေ့ရမည်ကိုလည်း ငါးဈေး သည်တချို့က စိုးရိမ်နေကြသည်။


“ဒီနေရာကိုရောက်လာတော့ မိုးရောလေရော မီးရောအားလုံး အဆင် ပြေတယ်။ ရောင်းရလည်း အဆင်ပြေ တယ်။ နောက်ထပ်ပြောင်းရဦးမလား ကျွန်မတို့စိုးရိမ်နေတယ်၊ မပြောင်းရ ပါစေနဲ့လို့ပဲ ဆုတောင်းနေတယ်”ဟု ဆယ်နှစ်ကျော်ကျော် ငါးရောင်းချလာ သည့် ဈေးသည် ဒေါ်အေးက ပြောသည်။


အဆိုပါပျံကျငါးဈေးသည် မကြာ ခဏရွှေ့ပြောင်းနေရသည်ကြောင့် ဈေး သည်များ၏ အခက်အခဲကို စာနာသည့် မြိတ်ဒေသခံ တစ်ချို့နှင့် လွှတ်တော် ကိုယ်စားလှယ်တစ်ချို့၏ တောင်းဆို မှုကြောင့် မိမိပိုင်သည့် ငါးလေလံ အဆောက်အဦ၌ လက်ရှိအချိန်တွင် ငွေကြေးကောက်ခံခြင်းမပြုပဲ ရောင်းချ ခွင့် ပေးထားသည်ဟု အပြည်ပြည်ဆိုင် ရာငါးလေလံဈေး၏ အမှုဆောင် ဒါရိုက်တာ ဒေါ်ဌေးဌေးဝင်းက ပြောသည်။


“ငါးလေလံပိုင်ဝင်းထဲမှာပဲ သူတို့ အတွက်ပေါ့ ဒီဒေသသုံးငါးဈေးပေါ့ ဆောက်ပေးသွားဖို့ရှိတယ်” ဟု ၎င်းက ပြောပြသည်။


ပျံကျငါးဈေးကို ငါးလေလံ ဈေး နေရာသို့ ပြောင်းရွှေ့ပြီး ရက်ပိုင်းအတွင်း မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မူလနေရာတွင် ပြန်ရောင်းချရန် စာထုတ် ခဲ့သော်လည်း ဈေးသည်များမှ ပြောင်း ရွှေ့လိုသည့် ဆန္ဒမရှိကြောင်း ထုတ် ဖော်ပြောဆိုခဲ့ဖူးသည်။


စာထုတ်ပြီးသည့်နောက်ပိုင်း လက်ရှိ အချိန်အထိ စည်ပင်သာယာရေးအဖွဲ့မှ နောက်ထပ် ညွှန်ကြားစာ ထပ်မံရောက် လာခြင်း၊ ခေါ်ယူတွေ့ဆုံခြင်းမျိုးမရှိဟု ဈေးသူဈေးသားများနှင့် ဈေးတာဝန်ခံ ထံမှ သိရသည်။ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးသည် ၂၀ဝ၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀ဝ၃ ခုနှစ်တွင် လုပ်ငန်း ရပ်နားခဲ့ရသည်။


ထို့နောက် ၂၀၁၆ ခုနှစ်မှစတင်ကာ လုပ်ငန်းပြန်လည်ပတ်ရေး စိုင်းပြင်း လျက် ရှိသည်။