KG ကျောင်းသူအား မုဒိမ်းကျင့်ရန် ကြိုးပမ်း

0
4780

ကျွန်းစုမြို့နယ်တွင် KG တန်း ကျောင်းသူတစ်ဦးအား လူငယ်တစ်ဦးက မုဒိမ်းကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။


ဖြစ်စဉ်မှာ မတ်လ ၇ ရက် နံနက် ၁၁ နာရီခွဲခန့်က အသက် ၇ နှစ်အရွယ်ရှိ KG တန်းကျောင်းသူက နေအိမ်အနီး ကွင်းပြင်တွင် အခြားကစားဖော် ယောကျာ်း လေးနှစ်ဦးနှင့်အတူ ဆော့ကစားနေ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


ထိုသို့ကစားနေစဉ် တစ်ရွာတည်း နေ အသက် ၁၆ နှစ်အရွယ် လူငယ် ရောက်လာပြီး အထက်ပါ ကလေးသုံးဦး ကို ဘုရားတောင်ပေါ်သို့ ခေါ်သွား ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


ထိုသို့ခေါ်သွားပြီး KG တန်း ကျောင်းသူကို မုဒိမ်းကျင့်ရန် ပြုလုပ်စဉ် ကြောက်လန့်၍ အတင်းရုန်းထွက်ကာ ထွက်ပြေးလာပြီး မိခင်ဖြစ်သူအား ပြန်ပြောပြသည်ဟု ရဲမှတ်တမ်းအရ သိရ သည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ မုဒိမ်းကျင့် ရန် အားထုတ်ခဲ့သည့် လူငယ်အမျိုးသား ကို ရာဇသတ်ကြီးပုဒ်မ- ၃၇၆/ ၅၁၁ ဖြင့် ကျွန်းစုမြို့မရဲစခန်းတွင် အမှုဖွင့် ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။