လက်ဆေးရည်နှင့် နှာခေါင်းစည်း ဆိုင်အများစုတွင် ပစ္စည်းပြတ်

0
5995

ထားဝယ်ဈေးကွက်ထဲတွင် လက်ဆေးရည် (Hand Gel) နှင့် ခွဲစိတ် ခန်းသုံး နှာခေါင်းစည်းများ ဝယ်ယူသူ များပြားနေသဖြင့် ဆိုင်များစုတွင် ယင်းပစ္စည်းပြတ်လပ်လျက်ရှိကြောင်း စုံးစမ်းသိရှိရသည်။


ထားဝယ်မြို့တွင် လက်ဆေးရည် (Hand Gel) ရောင်းနေသည့်ဆိုင် ခုနှစ်ဆိုင်အား မေးမြန်းရာ တစ်ဆိုင် သာလျှင် ဘူးသေးဆယ်ဂဏန်း ကျန်နေ ပြီး ကျန်ဆိုင်အားလုံး ပစ္စည်းပြတ် နေသဖြင့် မှာထားကြောင်း ပြောဆို ကြသည်။


သို့သော်မှာယူထားသော ပစ္စည်း များ မည်သည့်အချိန် ထားဝယ်ဈေး ကွက်တွင် ရောင်းချနိုင်မည်ကို မည်သူမျှ တိတိကျကျ ပြောနိုင်ခြင်း မရှိပေ။


ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းလည်း ဆိုင်ခုနှစ်ဆိုင်တွင် နှစ်ဆိုင်သာရှိနေပြီး ကျန်ဆိုင်အားလုံး ပစ္စည်းပြတ်နေကြောင်း ပြောဆိုကြသည်။


“(ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း) တစ်နေ့ကို လူသုံးဆယ်လောက် လာမေး ကြတယ်။ မရှိဘူးပြောလဲ မယုံကြဘူး။ ဆိုင်မှာ ဝှက်ထားတယ်ပဲ ထင်နေကြ တယ်”ဟု ထားဝယ်မြို့ရှိ ပြည့်စုံမျိုး ဆေးဆိုင်ပိုင်ရှင်က ပြောသည်။

ကျော်သူစိုး